ဘယ်လိုခေါ်ရမလဲ( How to call )
Really did not think this smile my back Henry depth machines running small hands
Are you sure you know my hand make me vacantly
Bunch grape vine undertone thud
With this move the carousel because the garbage can still flow
I portray the roles of straw fire was raging.
ဒီစကားလုံးတွေနဲ့ ဒီဖက်ခေတ်အထိဖြေရှင်းမရမယ့် အရိပ်တွေရှိလိမ့်ဦးမယ် သော်တာ။အသည်းကွဲတယ်ဆိုတာ အဟာရတမျိုး အသည်းကွဲတယ်ဆိုတာ အရသာတမျိုး အသည်းကွဲခြင်းက မွတ်သိပ်မှုအနံ့တွေ တထောင်းထောင်း အသည်းကွဲက ဆာလောင်စေတယ်။
ကြေကွဲခြင်းတွေ နည်းနည်းလောက်မြည်းကြည့်မလား သော်တာ။ဘာမှမပူနဲ့တော့ ငါ့ရဲ့ပျော့ညံ့စိတ်တွေကို ငါကိုယ်တိုင်အပြစ်ပေးလိုက်မယ်။
နင်အားရအောင်ငိုဖို့ ငါမိုးတွေရွာခိုင်းထားခဲ့မယ်။ငါ့ကိုယ်ငွေ့တွေအစား နင့်ရင်ထဲ နေလုံးလှလှလေးတွေ ဆွဲထည့်ထားပေးခဲ့မယ်။မှန်တချပ်ရဲ့အလျှားလိုက်အတိုင်း ငါ့ကိုယ်မှာ(ဒါတွေအားလုံး) ရောင်ပြန်ဟတ်ခွင့်လေးတော့ပေးခဲ့ပါ သော်တာ။
ဟိုးရှေးရှေးတုန်းက ရုပ်ရှင်ထဲမှာလို နင်သစ်ပင်လေးတပင်မြင်အပြီးမှာ ငါ့ကိုမုချမေ့မှာပါ။တမိုးသောက်ခဲ့ရင် နင့်နံနက်ခင်းဆီ နင်ကိုယ်တိုင် ဆက်ရွှေနိုင်မှာပါ။ငါ့အတွက် နင့်မျက်လုံးစိုစိုတွေမလိုဘူး။ငါ့အတွက် နင့်ဆံစနွဲ့နွဲ့တွေမလိုဘူး။ငါ့အတွက် နင့်ဖျော့တော့တဲ့နှခမ်းတွေမလိုဘူး။နင့်သတ္တိတွေနဲ့လည်း ငါ။စိတ်ကူးယဉ်ခြင်းတွေပဲ ငါ့အတွက်ချန်ထားရစ်တော့သော်တာ။နင်နဲ့ယှဉ်ပြီး ဘယ်သူ့ကိုမှပိုချစ်ခဲ့တာမဟုတ် တခုခုကငါတို့ကြားထဲ ခြားနားစေခဲ့တာမဟုတ် အချစ်ဆိုတာ နှိုင်းယှဉ်ရဂုဏ်သတ္တိမှမရှိတာသော်တာ။
သေချာတာကတော့ ဒီကဗျာအတွက် နင့်ကိုချစ်ခဲ့တာမဟုတ်ဘူး ဆိုတာပဲ။တကယ်ဆို နင်အကြောက်ဆုံးလို့ ငါထင်တဲ့ ဒီသီချင်းကို ငါကိုယ်တိုင်မပြောချင်ဘူး။
@kyawkyawkhaing