🙏🏻🙏🏻🙏🏻🙏🏻🙏🏻 ဆုတောင်း 🙏🏻🙏🏻🙏🏻🙏🏻
ကျွန်မသေသွားလျှင် ကျွန်မ၏ မျက်ကြည်လွှာအား အသုံးပြုနိုင်သူများ အသုံးပြု၍ အလင်းရကြပါစေ 🙏🏻🙏🏻🙏🏻
ကျွန်မ၏ခန္ဓာကိုယ်တွင်း အသုံးဝင်မယ့် နှလုံး အသည်း အစရှိသည်ကိုယ်တွင်းကလီစာများ အသုံးပြုနိုင်သူများ အသုံးပြု ထိုသူအသက်ဆက်ရန်အတွက် အသုံးဝင်မှုဖြစ်ပါ
စေ🙏🏻🙏🏻🙏🏻
ကျွန်မ၏ သက်မဲ့ခန္ဓာသည် တစ်ပါးသူအတွက် အသုံးမဝင်လျှင် ဆေးပညာဆိုင်ရာအတွက် အသုံးပြုပါ.
ကျွန်မ၏ သက်မဲ့ခန္ဓာအား ဆေးပညာ ကျောင်းသူ ကျောင်းသားများ သင်ကြားမှုဆိုင်ရာ ခွဲစိတ်မှုအတွက် အသုံးပြုနိုင်ကြပါစေ🙏🏻🙏🏻🙏🏻
ကျွန်မ၏ သက်မဲ့ခန္ဓာ ဘာအတွက်မှ အသုံးမဝင်လျှင် တိရစ္ဆာန်အစာအဖြစ် အသုံးပြုလျှင်လည်းပြုပါ. သက်မဲ့ခန္ဓာကျွန်မ၏အသားသည် သက်ရှိ တိရစ္ဆာန်များအတွက် အစာဖြစ်နိုင်လည်း ဖြစ်ပါစေ🙏🏻🙏🏻🙏🏻
ဤအလှူသည် ကျွန်မ၏မိဘအတွက် ... ကျွန်မအားစောင့်ရှောက်သောအဒေါ်အတွက် ... သင်ဆရာ မြင်ဆရာ ကြားဆရာ ဆရာ့ဆရာများအတွက် ... ကျေးဇူးရှင်များအတွက် ... ကျွန်မအတွက် ... ၃၁ ဘုံဝေနေယျအတွက် ... နိဗ္ဗာန်ရောက်ကြောင်းအထောက်အပံ့ဖြစ်ပါစေ🙏🏻🙏🏻🙏🏻
ကျွန်မယခုဘဝနိဗ္ဗာန်မရောက် ... သံသရာတွင်ကျင်လည်ရမည်ဆိုလျှင် နောင်ဘဝတွင်လူ့ဘဝသာထပ်ရ ယောင်္ကျားလေးအဖြစ်မွေးဖွားပြီး ဘုရားသားတော် သံဃာတစ်ပါးအဖြစ်မွေးဖွားပါရစေ. ၃၁ ဘုံသတ္တဝါတို့အတွက် တရားထူးများဟောကြားနိုင်သော ... သာသနာပြုနိုင်သော ရဟန်းဖြစ်ရပါစေ🙏🏻🙏🏻🙏🏻
နောင်ဘဝတွင်လည်း နိဗ္ဗာန်ရောက်ကြောင်းအားထုတ်နိုင်သောသူမဖြစ်သေးပါလျှင် နိဗ္ဗာန်မရောက်မခြင်း နောင်ကျင်လည်ရမယ့် သံသရာဘဝအဆက်ဆက်မှာ လူ့ဘဝထပ်ရ ရဟန်းအဖြစ်သာ မွေးဖွားပြီး သာသနာ့အကျိုးထမ်းရွက်ရင်း ဘဝပါရမီဖြည့် တစ်ချိန်ချိန်မှာ ခန္ဓာဝန်ကင်းလွတ်သော နိဗ္ဗာန်သို့ မျက်မှောက်ပြုရပါလို၏🙏🏻🙏🏻🙏🏻
အငှားခန္ဓာ တစ်ခဏရ ဒီလူ့ဘဝ ... အိုရ နာရ သေရဦးမည်. ကျွန်မသေလျှင် မည်သူတစ်ဦးမျှ မျက်ရည်မကျစေလိုပါ. ကျွန်မ ဘဝအဆက်ဆက်က ယခုဘဝပြုပြုသမျှ ကုသိုလ်ကောင်းမှုများအား ကျွန်မ အမည်အားခေါ်ဆို အမျှပေးဝေကြပါ.
ခန္ဓာရတဲ့ဒုက္ခ မရလိုသော်လည်း နိဗ္ဗာန်ရောက်ကြောင်း အားမထုတ်နိုင်သမျှ ကာလပတ်လုံး သံသရာဝဋ်ဆင်းရဲတွင်း ဘဝတွေရ ကျင်လည်ရဦးမည်.
ယခုဘဝဆုံးရာတွင်လည်း သာဓုမခေါ်နိုင်သောဘဝမျိုးမရောက်အောင် ကြိုးစားရဦးမည်.
ပုထုဇဉ်မို့ ' သတိ ' လွတ်ချိန် ဝင်လာတဲ့ လောဘ ဒေါသ မောဟ မာန အတ္တ ဣသာ မစ္ဆျရိယ တွေ မပါယ်နိုင်သေးသ၍ ကာယကံ ဝစီကံ မနောကံတွေ လုံးဝ မစောင့်ရှောက်နိုင်သေးသ၍ အကုသိုလ်သည် ရှိနေဦးမည်သာ.
ဘဝအဆက်ဆက် ပါရမီမပါသေးလို့လား ... ဆုတောင်းမရှိခဲ့လို့လား ... သစ္စာမထားခဲ့လို့လား ... လောကီ ကာမဂုဏ်အာရုံနောက်လိုက် စိတ်မပြတ်သေးသ၍ နေ့စဉ်တိုင်းရဲ့ ပုထုဇဉ်ဘဝ တတ်အားသမျှ အကုသိုလ်မများချင်သော်လည်း ရနေသေးသော အကုသိုလ်တွေနောက်မှာ ကုသိုလ်တွေတတ်အားသမျှ လုပ်နေသော်လည်း ဘယ်ဘဝကလာမှန်းမသိခဲ့သော ကျွန်မသည် သေဆုံးပြီးလျှင် ဘယ်ဘဝရောက်မည်မှန်းမသိပါ.
ဤ မျက်ကြည်လွှာ နဲ့ dead body လှူကို ၂၀၁၄ မှာ မြန်မာနိုင်ငံမှာ လှူဒါန်းခဲ့ပါသည်.
၂၀၁၇ မှာ ယခုကျွန်မနေနေသော နိုင်ငံမှာ လှူဒါန်းခဲ့ပါသည်.
လှူဒါန်းစဉ်က ကျွန်မ၏ဖေ့ဘွတ်စာမျက်နှာတွင်ရေးသားဖူးပါသည်.
ယခုပြန်လည်ရေးသားရခြင်းမှာ ...
၀၁ . ၁၀ . ၂၀၁၇ တွင် ကျွန်မ၏မိခင် ဘဝတစ်ပါးသို့ ကူးပြောင်းသွားပါသည်.
မိခင်၏ သက်မဲ့ခန္ဓာအားကြည့် ဒါ ငါ့အမေမဟုတ်တော့ဘူး. ငါ့အမေ ဘုံဘဝတစ်ခုသို့ရောက်ရှိနေပြီ နှလုံးမသွင်းနိုင် ပရိဝေဒမီးတောက်လောင်ခဲ့ပါသည်.
မိဘသေလျှင် မငိုအောင်စိတ်ကြံ့ခိုင်ရမည်ဟု ကိုယ့်ကိုယ်ပြောခဲ့သော ကျွန်မသည် ရက်ပေါင်းများစွာငိုခဲ့ပါသည်.
ကျွန်မ၏စိတ်တစ်ချို့ ဆုတောင်းတွေလည်း ပြောင်းသွားပါသည်. ပြောင်းသွားသောဆုတောင်းကို အထက်မှာရေးသားထားပါသည်.
ယခုစိတ်တွေငြိမ်သွားချိန်မှာ ကျွန်မ၏မေမေ သေဆုံးတော့ ဘာမှယူမသွားနိုင် သူပြုခဲ့သော ကုသိုလ် အကုသိုလ်တွေသာ သူ့နောက်ပါသွားမှန်း တကယ်ခံစားသိရှိရပါသည်.
ကျွန်မ၏ မျက်ကြည်လွှာနှင့် dead body ကိုနိုင်ငံ ၂ ခုလုံးမှာ လှူဒါန်းစဉ်က ကျွန်မ၏မိဘနှစ်ပါး ... ကျွန်မအားစောင့်ရှောက်သော မား (အဒေါ်) ... သင်ဆရာ မြင်ဆရာ ကြားဆရာ ... ဆရာ့ဆရာများ ... ကျေးဇူးရှင်များအား စိတ်နဲ့အမှူးထားလှူဒါန်းခဲ့ပါသည်.
ဘဝကျေးဇူးရှင်များအား ကျေးဇူးမဆပ်နိုင်သေးသော ကျွန်မ ... ဤအလှူ၏ ကုသိုလ်အလုံးစုံကို ကျေးဇူးရှင်အပေါင်းရကြပါစေ🙏🏻🙏🏻🙏🏻
ကျွန်မသေဆုံးလျှင် တစ်ချို့က ကျွန်မအားသတိာမည်. တစ်ချို့က ရက်အနည်းငယ်သတိရမည် ... ကြာလျှင် ကျွန်မအား မေ့သွားကြမည်. ကျွန်မပြုလုပ်ခဲ့သော ဒါန သီလ ဘာဝနာသာ ကျွန်မနောက်ပါမည်.
ရှင်သန်နေစဉ် လှပချင်ပေမယ့် သေဆုံးချိန်တွင် ခန္ဓာအားလည်းမတွယ်တော့ပါ. ဘယ်လိုပုံစံမျိုးနဲ့သေဆုံးရမယ် ကျွန်မ မသိပေမယ့် ... သေဆုံးလျှင် မျက်ကြည်လွှာနဲ့ ကိုယ်တွင်းဂင်္ဂါများ အကောင်းပကတိရှိပါစေ🙏🏻🙏🏻🙏🏻
အသုံးပြုနိုင်သူများအသုံးပြုနိုင်ပါစေ🙏🏻🙏🏻🙏🏻
ကျွန်မ၏အလှူသည် လှူဒါန်းပြီးသော်လည်း သေဆုံးပါမှ ကျွန်မမျက်ကြည်လွှာ သုံးရ မရ ... ကျွန်မ၏ကိုယ်တွင်းအင်္ဂါများ သုံးရ မရသည်ကို သက်ဆိုင်ရာ ဆေးရုံးများက ဆုံးဖြတ်မည်ဖြစ်သော်လည်း အလှူဒါနသည် စိတ်အားထက်သန်မှု စေတနာသုံးတန်ပြတ်သားလျှင်ကို ကုသိုလ်ရသည်ဟု ခံယူ ... ကျွန်မဘဝအဆက်ဆက်ပြုခဲ့သော ...
ယခုဘဝပြုခဲ့သော ... ပြုနေသော ... ကုသိုလ်ကောင်းမှုအလုံးစုံကို ၃၁ ဘုံ လူ နတ် သတ္တဝါများအား အမျှပေးဝေပါတယ်.
အားလုံးအမျှရ၍ ထိုအမျှသည် အားလုံးအတွက် နိဗ္ဗာန်ရောက်ကြောင်း အထောက်အပံ့ဖြစ်ပါစေ🙏🏻🙏🏻🙏🏻
အားလုံး အမျှ အမျှ အမျှ ...
အမျှ အမျှ အမျှ
အမျှ အမျှအမျှ