ရွေးချယ်မှု

Words
192
Reading
1 min
Listen
Play
9y

image

ရွေးချယ်မှုဆိုတာ စကားလုံးသုံးလုံးတည်းပေမယ့် ...
အဓိပ္ပါယ်ကျယ်ပြန့် အကျိုးဆက်တွေများတယ် ...

ဆယ်တန်းအောင်တော့ ဆေးလိုင်းမှီတယ်ဆိုပါတော့ ...
ဒါပေမယ့် ... ဝါသနာပါတဲ့ အင်ဂျင်နီယာကျောင်းတက်တယ် အင်ဂျင်နီယာဖြစ်လာတယ်
သို့မဟုတ်
ဝါသနာပါတဲ့ ကွန်ပြူတာကျောင်းတက်တယ် ...
ပရိုဂရမ်မာဖြစ်လာတယ် စသည်ဖြင့် ...
ကံ ဉာဏ် ဝီရိယ ကြိုးစားအားထုတ်မှုတွေအပြင် ...
ရွေးချယ်မှုဆိုတာကလည်း ဘဝမှာ အရေးပါတယ်မလား.

အလုပ် ၂ ခု ခေါ်စာရတယ် ...
A နဲ့ B မှာ B ကိုရွေးလိုက်တယ်. ဒါပေမယ့် ... အဆင်မပြေတဲ့အခါ A ကိုရွေးမိရင်အကောင်းသားလို့နောင်တရတယ်.
နောင်တဆိုတာ ကိုယ့်စိတ်ကိုခံစားစေရုံအပြင် ဘာမှဖြစ်မလာစေဘူး.
ရွေးချယ်ခဲ့တဲ့အလုပ် B မှာအကောင်းဆုံးကြိုးစား ...
လုံးဝအဆင်မပြေရင်တော့ တစ်ခြားရေကြည်မြက်နုရာ ရှာဖွေပြောင်းရမှာပေါ့.
တစ်ချို့က ' အခြေအနေအကြောင်းကြောင်းကြောင့် ' (အခြေအနေအကြောင်းကြောင်းကြောင့်ဆိုတာနောက်မှာ အကြောင်းအရာတွေအများကြီးရှိပါတယ်. တစ်ယောက်နဲ့တစ်ယောက်မတူလို့ အဲဒီ့အကြောင်းအရာတွေကိုတော့မရေးတော့ဘူးနော်) ရေကြည်ရာမြက်နုရာမပြောင်းရွေ့နိုင်သူတွေလည်းရှိမှာပေါ့.
B မှာအဆင်မပြေတိုင်း A အလုပ်ခေါ်စာလက်ခံမိရင် အကောင်းသားလို့အမြဲတွေးရင် ကိုယ့်စိတ်ကိုယ်ဒုက္ခဖြစ်စေတာကလွဲလို့ ပိုထူးခြားမလာစေဘူးမဟုတ်လား.

C နဲ့ D မှာ C ကိုရွေးပြီး လက်ထပ်လိုက်တယ်.
ပြီး အဆင်မပြေတော့ D ကိုရွေးခဲ့မိရင်အကောင်းသားနောင်တရ ဆက်သွယ်တယ်.
ဘာဖြစ်လာလဲ ... ဖောက်ပြန်မှုပေါ့.
ကိုယ်ရွေးချယ်ခဲ့မှုကို ကိုယ်တာဝန်ယူရမှာပါဘဲ.
C နဲ့ဘယ်လိုမှ အဆင်မပြေလို့ ... အဲဒီ့လမ်းဆက်မလျှောက်တော့ဘူးဆိုတာက နောက်တစ်ဏ္ဍ.
ဘာဘဲဖြစ်ဖြစ် ကိုယ့်ရွေးချယ်ခဲ့မှုကို ကိုယ်တာဝန်ယူ အကျိုးဆက်ကို ကိုယ်ခံကြရမှာပေါ့.

သူငယ်ချင်းတစ်ယောက်က မကောင်းမှုလုပ်ဖို့အမြဲခေါ်တယ်.
နောက်သူငယ်ချင်းတစ်ယောက်က ဘုရားသွားကျောင်းတက် ကုသိုလ်ကောင်းမှု အမြဲလုပ်ဖို့ခေါ်တယ်.
မကောင်းမှုလုပ်သူ သူငယ်ချင်းကိုရွေးချယ်ရင် ကိုယ်လည်း ဒုစရိုက်သမားဖြစ်မယ်ပေါ့.
ဘုရားသွားကျောင်းတက် အလှူဒါန အမြဲလုပ်တဲ့ သူငယ်ချင်းကိုရွေးချယ် ဘာဖြစ်မလဲ ... ကိုယ်လည်း ကုသိုလ်ကောင်းမှုတွေရ စိတ်အေးချမ်းမယ်.

တံငါနားနီး တံငါ ...
မုဆိုးနားနီး မုဆိုးတဲ့ ...
လောဘ ဒေါသ မောဟ ကြီးသူနားနေရင် သူ့ လောဘ ဒေါသ မောဟ အရောင်တွေ ကိုယ့်အနည်းအများလာဟပ် ကိုယ်လည်း ပူလောင်ရတာဘဲ ...
စေတနာ မေတ္တာ အကြင်နာကြီးမား စိတ်နှလုံးသားအေးချမ်းသူအနားနေရင် သူ့အေးချမ်းမှုတွေကိုယ့်လာဟပ် ကိုယ်လည်းအေးချမ်းရတာဘဲ.
ဘယ်သူ့အနားနေချင်လဲက ကိုယ့်ရွေးချယ်မှုပါ. (ဒီလိုပြောလို့ လောဘ ဒေါသ မောဟများသူ ပြစ်ပါယ်ရမယ်မဟုတ်ပါဘူး. ' သတိ ' လေးကပ် သူ့အနားနေပေါ့).

အတိတ်ဆိုတာ ပြီးခဲ့ပြီး ပြင်ဆင်ခွင့်ရှိတာလည်းရှိ ... ပြင်ဆင်ခွင့်မရှိတော့တာလည်းရှိ.
အတိတ်မှာ ရွေးချယ်မှု မှားခဲ့တယ်ဆိုတောင်
ပစ္စုပ္ပန်က ကိုယ်ပိုင်တယ် ... ပြင်ဆင်ခွင့်ရှိတယ် ...
ပုထုဇဉ်တွေမှာ ခြောက်ပြစ်ကင်းသဲလဲစင်ရှားသတဲ့ ...
ဘာဘဲဖြစ်ဖြစ် ...
ပစ္စုပ္ပန်မှာ စိတ်အေးအေးထား ...
ခေါင်းအေးအေးထား ...
သေချာစဉ်းစားဆုံးဖြတ်ရင်း ' ရွေးချယ်မှု ' တွေလုပ်တဲ့အခါ ...
အလှပဆုံးအနာဂတ်မဟုတ်တောင် အမှားနည်းတဲ့အနာဂတ်ဖြစ်လာမယ်မလား.

ဘဝရဲ့ ကိစ္စရပ်တိုင်းမှာ မှန်ကန်တဲ့ရွေးခြယ်မှုတွေနဲ့ အေးချမ်းကြပါစေ ဆန္ဒပြုရင်း ... image

ရွေးချယ်မှု | Ecency