Virus

Words
80
Reading
1 min
Listen
Play
9y

Virus တဲ့.
ခန္ဓာကိုယ်ထဲဝင်ရင် ခန္ဓာကို ဒုက္ခပေးတယ်.
စိတ်နှလုံးသားထဲဝင်ရင် အတွင်းလှိုက်စားတယ်.

ရောဂါပိုး ဗိုင်းရပ်စ်ဝင်ရင် ...
ဆရာဝန်နဲ့ပြ
ဆေးသောက်
ဗိုင်းရပ်စ်သေအောင် သတ်ရတယ်.
ဗိုင်းရပ်စ်မသတ်ရငိ ခန္ဓာနာမကျန်း ဒုက္ခရောက်မယ်လေ.

စိတ်နှလုံးသားထဲ
ဗိုင်းရပ်စ်ဝင်ရင်
ဗိုင်းရပ်စ်ပေးတဲ့ အခြေကနေ အမြစ်ဖြတ်ဖြတ်ရတယ်.
ဘယ်အကြောင်းအရာက ဗိုင်းရပ်စ်ပေးတာလဲ ?
ဘယ်သူက ဗိုင်းရပ်စ်ပေးတာလဲ ?

ဗိုင်းရပ်စ်ဟာ အခြေကနေအမြစ်မဖြတ်ဘဲ ...
ဗိုင်းရပ်စ် လိုက်သတ်နေလည်း မောရုံဘဲ ...
ဗိုင်းရပ်စ်ကိုက်လို့အော် ...
ဗိုင်းရပ်စ်ပေးရာ အရင်းအမြစ်မဖြတ်နိုင် ...
ဂျာအေးသူ့အမေရိုက် ဇာတ်လမ်းပေါ့.

ဗိုင်းရပ်စ်ကိုက်ရင် အော်ချင်အော်ပါ ...
ငိုချင်လည်းငိုပါ ...
အော်ပြီး ငိုပြီးသွားရင် ...
အခြေခံကို အမြစ်မဖြတ်ဘဲ ဒီဗိုင်းရပ်စ်တွေမသေဘူးလို့ ကိုယ့်ကိုယ်ကိုပြောပါ.
စိတ်ပြတ်နိုင်အောင်ကြိုးစားပြီး ...
ဗိုင်းရပ်စ်ပေးရာအခြေခံကို ဘဝထဲက ထုတ်ပစ်ပါ.

ဗိုင်းရပ်စ်တွေ အဝင်မခံပါနဲ့.
ဗိုင်းရပ်စ်ဆို ဘယ်ဗိုင်းရပ်စ်မှ မကောင်းဘူး.
ဗိုင်းရပ်စ်ဝင်ခံလိုက်ရင် ဗိုင်းရပ်စ်ပေးတဲ့ ပြဿနာတွေအတွက် မညည်းပါနဲ့.
မခန့်မသင့်လို့ ဗိုင်းရပ်စ်ဝင်သွားရင် ...
အဲဒီ့ဗိုင်းရပ်စ်တွေ ဘဝထဲက အပြီးထုတ်နိုင်တဲ့ သတ္တိတော့ မွေးရာမှာပေါ့နော်.

ဗိုင်းရပ်စ်ကင်းစင် ပြုံးပျော်ရွှင် စိတ်အေးချမ်းကြပါစေရှင် .
imageimage

Virus | Ecency