ခေတ်ကြီးကလား ?
ရှေ့ကိတ် နောက်ကိတ် ...
ပိုက်ဆံအိတ်ကိတ်မကိတ် ...
ဘဏ်ကဒ်ကိတ်မကိတ် ...
နေအိမ်ကိတ်မကိတ် ...
စီးတဲ့ကားကိတ်မကိတ် ...
ရာထူးဂုဏ်ရှိန်ကိတ်မကိတ် ...
သူဘယ်နိုင်ငံသားလဲ ငါဘယ်နိုင်ငံသားလဲ ...
အရေးကြီးတဲ့ခေတ် ...
အတွင်းစိတ် ...
မွေးရာပါ နှလုံးသား ...
ကိုယ်ချင်းစာတရား ကိတ်မကိတ်က ...
အရေးမကြီးဘူးလား ?
အပေါ်ယံကိတ်မကိတ်တွေ အရေးကြီးရင်း ...
အတွင်းစိတ်နှလုံးသား ကိတ်မကိတ်တာတွေက အရေးမကြီးရင်း ...
ဒီဘဝအဆုံးသတ်ချိန်ရောက် ...
သံသရာကိုပါသွားတာ အပေါ်ယံကိတ်တာတွေလား ?
အတွင်းစိတ်နှလုံးသားကိတ်တာတွေလား ?
အတိတ်ဘဝကောင်းကျိုးချမ်းသာနဲ့ ...
ဒီဘဝ ဒါန သီလ ဘာဝနာ လုပ်နိုင်တဲ့ လူဖြစ်ရ ...
ဖြစ်ခွင့်ရတဲ့ လူ့ဘဝတစ်ခဏ ...
အဓိကက သံသရာဝဋ်ဆင်းရဲက ကျွတ်လွတ်ဖို့မကြိုးစားနိုင်သေးလည်း ...
ကျင်လည်ရမယ့် သံသရာမှာ သာဓုခေါ်နိုင်တဲ့ဘဝရောက်ဖို့အရေးကြီးတာမလား ?
အမှန်မမြင်နိုင်ခြင်းရဲ့နောက်မှာ ...
သူတစ်ပါးကို ဣသာ မစ္ဆိရိယထားခြင်းတွေရဲ့နောက်မှာ...
သာမ္မာအာဇီဝ မဟုတ်တဲ့ ရှာဖွေခြင်းတွေရဲ့နောက်မှာ ...
ငါ့ဥစ္စာ ငါ့စီးပွား ငါ ... ငါ ... ငါ ဆိုတဲ့ ငါ စွဲခြင်းတွေနောက်မှာ ...
အများကြီးမကြည့်နဲ့ ...
နံနက်ဖြန် ငါ မရှိတော့ရင်လို့လေးဘဲစဉ်းစားကြည့် ...
ငါ ဘယ်ဘုံ ဘယ်ဘဝသွားမှာလဲလို့လေးဘဲ တွေးကြည့် ...
အဆင်သင့်ဖြစ်ပြီိလား ?
နောင်သံသရာအတွက် ...
(ကိုယ့်ဘာသာပြန်မေးကြည့်နေတာပါ).
ကောင်းသောနံနက်ခင်းပါ. နေ့စဉ်တွေမှာ ကုသိုလ်စိတ်တွေနဲ့ရှင်သန် မင်္ဂလာရှိအေးချမ်းသောနေ့ရက်တိုင်းကို ပိုင်ဆိုင်ပါစေ.
#မယ်