အဖေက ပြောတယ်…
“ဟိုးအဝေးက တောင်တန်းကြီးက ဘာအရောင်လဲသမီး
အပြာရောင်ပါ အဖေ
သေချာကြည့်ပါ သမီးရဲ့
အစိမ်းရောင်ပါအကွာအဝေးကြောင့် အမြင်ပြောင်းလဲတတ်တယ်လေ”…။
“ဟိုးနားးက ၀ါးပင်ရဲ့
ဝါးရွက်ကြွေကရော သမီး
အ၀ါရောင်ပါ အဖေ.
တချိန်ကတော့ သူလဲအစိမ်းရောင်ပဲသမီး
ကာလရွှေ့လျားမှုအောက်မှာ အသိဟာ ပြောင်းလဲနိုင်တယ်လေ.”…။
“ဒီစပါးခင်းကြီးကကော ဘာအရောင်လဲသမီး
အစိမ်းရောင်ပါ အဖေ…
နောင်တချိန်မှာတော့ သူလဲ အ၀ါရောင်ဖြစ်လာလိမ့်မယ် အဖေ
(ကျမစကားကို အဖေက ပြုံးးပြီးးနားထောင်တယ်)
အေးး…..ဟုတ်တယ်သမီးး ဘယ်အချိန်လဲဆိုတော့
ရင့်မှည့်တဲ့အချိန်ပေါ့ သမီးလေးရယ်”…။
“ဒီနားမှာ လေစိမ်းတွေတိုက်နေတယ် အိမ်ပြန်စို့သမီး
လေမှာ အရောင်မရှိပါဘူးအဖေရယ်
(အဖေ့ကို ဆရာလုပ်မိတဲ့ကျမစကားး)
အတွေးစိတ်ကူးထဲက အရောင်ဟာ ခံစားမှုကြောင့်
သူ့အလိုလိုဖြစ်ပေါ်လာလိမ့်မယ် သမီးလေး ”…။
“ဘ၀ ဆိုတာကို လွယ်လွယ်လေးးလို့ ဘယ်တော့မှမတွေးနဲ့သမီး
မနက်ဖြန်ဘာဖြစ်မလဲ ထိုင်စောင့်နေတာထက် ..
ဒီနေ့မှာ မနက်ဖြန်ဘာလုပ်မလဲ ကြိုတင်ပြင်ဆင်ထားတာဟာ
အဖိုးထိုက်တန်တဲ့ လူသားကောင်းတစ်ယောက်ရဲ့ အလုပ်ပဲ သမီးး”…။
“သမီးလေးး ငြီးငွေ့လာတဲ့အခါ ပြတင်းပေါက်ကနေ
အပြင်လောက ကို ကြည့်လိုက်သမီး
ဆိုက်ကားးသမားးတစ်ယောက်ရဲ့ ခြေသလုံးကြွက်သားးမှာ
မိသားစု ပါးစပ်ပေါက်တွေအတွက် ရေသောက်မြစ်တွေနဲ့……
မုဆိုးမတစ်ယောက်ရဲ့ အကြော်ကြော်နေတဲ့ တုတ်တံမှာ
မိဘမေတ္တာအတွက် ဆင်စီးးမြင်းးရံ အနာဂတ်အိပ်မက်တွေနဲ့
အပြုံးး……..မျက်ရည်ဒွန်တွဲ လို့
လောကဓံကို စီးချင်းထိုးခဲ့တဲ့
မြင့်မြတ်တဲ့ နှလုံးသားပိုင်ရှင်တွေရဲ့
ဘ၀ကိုအစီအရီ မြင်တွေ့ရလိမ့်မယ်
သမီးလေး “…။
“ပညာတတ်ခြင်း ပညာ မတတ်ခြင်းထက်
လူသားးဆန်ဆန် မေတ္တာဟုန်ကြွယ်ဝစွာနဲ့
ဘ၀ကိုရုန်းကန်နေရှာပြီး..
အဖြည့်ခံအဖြစ်ပေးဆပ်နေတဲ့
ပန်းပျိုးလက်တွေကို အတုယူပါ သမီးငယ်လေးး….
နောင်အနာဂတ်မှာ.
အဖေ့သမီးလေးးဟာ
လူသားးပီပီသသ…..သမီးကောင်းး တစ်ယောက်ဖြစ်လာနိုင်ဖို့အတွက်
ပညာကို အရင်းပြုပြီးး ဘ၀အားမာန်ကိုရွက်လွှင့်တဲ့အခါ
ဘယ်သောအခါမှ..
ပန်းချိုးတဲ့လက် မဖြစ်ပါစေနဲ့ ....
အဖေ ဆုတောင်းးမိပါတယ်
သမီးးလေးးရယ် “…