Fair Life
နှလုံးသားဟာ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခု ...
ဒါပေမယ့် ...
နှလုံးသားမရှိဘဲ အသက်ရှင်လို့မရဘူး.
အချစ်ဟာ ဘဝမှာရှိကြတယ် ...
အချစ်မရှိဘဲ အသက်မရှင်နိုင်ဘူး ဆိုကြတယ်.
အချစ်ဘဲရှိရမှာပေါ့ ...
ဒါပေမယ့် ...
အချစ်မှာ ဘဝတစ်ခုလုံး နစ်မြှုပ် ... အချစ်ပျော် ပျော် ...
အချစ်ငို ငို တာထက်
နှလုံးသားဟာ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုလို ...
အချစ်ဟာလည်း ဘဝရဲ့ အစိတ်အပိုင်းတစ်ခုဘဲ ဖြစ်သင့်တာပေါ့.
ဦးနှောက်ကိုဘဲ ဦးစားပေးရင် ...
နှလုံးသားမပါလို့ တစ်သက်လုံး စိတ်ချမ်းသာပါ့မလား ?
ခံစားမှုကိုဦးစားပေး နှလုံးသားအလိုချည်းလိုက်ရင် ...
အချစ်မှာ မျက်စိမရှိဘူးပြောကြသလို ...
ခံစားမှု ဦးစားပေးလွန်းရင် အမှားပါတတ်တယ်မလား ...
တကယ်က အချစ်မှာမျက်စိမရှိတာမဟုတ်ဘဲ ...
ချစ်လို့ ချစ်တဲ့သူက မျက်စိမမြင်တော့ဘဲ ...
စဉ်းစားဆင်ခြင်နိုင်တဲ့ ဦးနှောက်တွေပါ ပိတ်သွားကြတဲ့အခါ ...
ချစ်နေတုန်းကောင်းပေမယ့် ...
ပြောင်းလဲတတ်တဲ့လူ့စိတ်သဘော မချစ်တော့ရင် ...
အပြစ်တင်မြင်တာမဟုတ် မျက်နှာပါ မမြင်ချင်ဖြစ်ကြတယ်ပေါ့ ...
သူလည်း သူ့ဘဝရှိသလို ...
ကိုယ်လည်း ကိုယ့်ဘဝရှိတာပေါ့ ...
သူ နဲ့ ကိုယ် ရာသက်ပန်လက်တွဲကြစေသတည်းဆို ...
သိပ်လှပတဲ့ ဇာတ်သိမ်းခန်းပေါ့ ...
လက်တွေ့ဘဝဆိုတာ စိတ်ကူးယဉ်နဲ့ တစ်ခြားစီဖြစ်တတ်တော့ ...
ကိုယ့်ဘဝကိုယ် တည်ဆောက်ရင်း သူ့ကိုချစ်ပါ ...
တစ်ချိန် မချစ်ကြလို့ လမ်းခွဲသည့်တိုင် ဘဝမပျက်ပါဘူး ...
လဲကျရင် ထူပေးမယ့်သူ မဲ့သူဟာ ...
ပိုသန်မာပါတယ် ...
နှစ်ဦးတွဲလက် ကြည်နူးစဉ်မှာ ပျော်စရာ ...
နှစ်ဦးလမ်းခွဲ ကြေကွဲစဉ်မှာ ...
တွဲသူမဲ့ ကိုယ့်လက်တွေဟာ ဘဝကိုရင်ဆိုင်နေဖို့ သန်မာဖို့လိုတာပေါ့.
ချိန်ခွင်မှာ တစ်ဖက်ကို အလေးသာမှုကို ပျော်ကြတယ် ...
ဘဝ နဲ့ အချစ် ချိန်ခွင်မှာ ...
သူ့ဘဝထဲမှာ သူ့အချစ်တွေကို ကို့ဘက်အလေးသာစေချင်ကြတယ်ပေါ့ ...
ဒါဟာ အချစ်သေချာတယ်လား?
သူ့ဘဝအတွက်စဉ်းစားပေး သူ့ကိုချစ်တာလား ?
ကိုယ့်အတ္တကိုကိုယ်ဦးစားပေး သူ့ဘဝထက်ကိုယ့်ကိုပိုချစ်စေချင်တာလား ?
ဒီမေးခွန်းလေး ကိုယ့်ကိုယ်ပိုပြန်မေးကြည့်ရင် ...
ထွက်လာတဲ့အဖြေ ဘာတဲ့လဲဟင် ?
သူ့ကိုချစ်ရင် သူ့ဘဝ နဲ့ ကိုယ့်ကိုသူချစ်မှုကြား ...
သူ မျှတစွာ ရှင်သန်ခွင့်ပေးသင့်တာပေါ့ ...
ကိုယ့်ကိုသူချစ်ရင် ကိုယ့်ဘဝ နဲ့ ကိုယ်သူ့ကိုချစ်မှုကြား ...
ကိုယ် မျှတစွာ ရှင်သန်ခွင့်သူပေးပါလိမ့်မယ်.
သူ့ကိုချစ်ရင် ကိုယ်မရှိဘဲ သူကြံ့ခိုင်စွာ သူ့ဘဝသူတည်ဆောက်နိုင်အောင် ကူညီလေ့ကျင့်ပေးရမှာပေါ့ ...
ကိုယ့်ကိုသူချစ်ရင် သူမရှိဘဲ ကိုယ်ကြံ့ခိုင်စွာ ကိုယ့်ဘဝကိုယ် တည်ဆောက်နိုင်အောင် သူကူညီလေ့ကျင့်ပေးပါလိမ့်မယ်.
တကယ့်ချစ်ခြင်းမေတ္တာဆိုတာ ...
ကိုယ့်အချစ်လှောင်အိမ်မှာ သူ့တောင်ပံတွေရိုက်ချိုး ပျံသန်းခွင့်မပေးဘဲ ပိတ်လှောင်ခြင်းမှမဟုတ်တာ ...
သူရော ကိုယ်ရော ကိုယ်ဆီ အတောင်ပံတွေဖြန့် လွတ်လပ်စွာပျံသန်းရင်း ...
သူ့အမြင့် သူ့ဘာသာသူ ပျံဖို့ ကိုယ်ဖေးမ ...
ကိုယ်အမြင့် ကိုယ့်ဘာသာကိုယ် ပျံဖို့ သူဖေးမ ...
တစ်ဦးကို တစ်ဦး ပါရမီဖြည့်ရင်း ...
လွတ်လပ်စွာပျံသန်းခြင်းတွေကြားမှာ ...
အေးချမ်းပျော်ရွှင်စွာ ရှင်သန်ကြဖို့မလား ...
သန်မာကြံ့ခိုင်တဲ့ကိုယ့်တောင်ပံကိုယ်ခတ်ပျံသန်းရင်း ...
ပိတ်လှောင်းခြင်းမဲ့စွာ သက်ဆိုင်သူများကိုချစ်ရင်း နေ့ရက်တိုင်း ကျန်းမာအေးချမ်းပျော်ရွှင်ပါစေ
#မယ်