မိုးစင်စင် လင်းမှဘဲ အိပ်ယာ နိုးခဲ့တယ်။ဒီနေ့လဲ အသက်ရှင်
သန်နေရ ခြင်းကြောင့် ကိုယ့်သက်ဆိုင်ရာ တာဝန် တစ်ခု ကို
ထမ်းဆောင်ရမယ် ဆိုတဲ့ အသိနဲ့ ကိုယ်လက်သန့် စင် မျက်နှာ
သစ် အဝတ်စားလဲ ပီးသကာ လ အသိညာဏ် တိုးဖို့အရေးဖုန်း
ကိုထုတ်လို့ C++ programming ကိုလေ့လာ နေလိုက်တယ်။
နာရီဝက်ခန့် ကြာတော့ သူငယ်ချင်းက အိမ်ရောက်လာခဲ့တယ်
အလုပ်သွားရန် လာခေါ်ခြင်းပါ အလုပ်တွေပါး နေချိန် သူအ
လုပ်ထဲမှာ ကျွန်တော့်ကိုခေါ် ထားပီးရတဲ့ ငွေထဲက ခွဲဝေပေးပါ
တယ် ဝေစားမျှစားပေါ့။အရမ်း သဘောကောင်းတဲ့ ကောင်
ကြီးမို့လဲ သူငယ်ချင်းလို့ မကဘဲ မိသားစုလို ဘဲ ပေါင်းသင်း
ကြပါတယ်။ယခုလဲ သူ့ရဲ့ အလုပ်ကို အတူလိုက် ခဲ့ရန် လာခေါ်
ခြင်းသာ ကိုကဘေးကလိုအပ်တာလေး ပံပိုးပေးယုံပါဘဲ ဒါက
သူကျွမ်းကျင်တဲ့ software နည်းပညာလေ ကျွန်တော်ဖက်က
တော့ hardware ပိုင်းပေါ့။ဒါပေမဲ့ လဲ အတူ တွဲလုပ်တဲ့ အပိုင်း
မှာ တိုင်ပင် ဆွေးနွေးရင်း စမ်းသပ်ရင်း သူ့ပညာ နဲ့ကိုယ့်ပညာ
ကိုယ်ကျွမ်းကျင်တဲ့ အပိုင်းကို တာဝန် ကိုယ်စီယူပီး လုပ်ကြပါ
တယ်။ကိုယ်က တော့ သူ့ကိုဆရာတင်ထားရတာပေါ့။သူ့ရဲ့ မ
ဟာ software & programming ကိုကိုယ်က သူ့လောက်နားမ
လည်ဘူးလေ ခုတောင် သူလမ်းညွှန်ပြသမှု့တွေ နဲ့ C++ ကိုလေ့
လာနေရခြင်းပါဘဲ မရှင်းတာရှိရင်မေး သူက ပြန်ရှင်းပြ အ
လုပ်အကိုင်တွေအဆင်မပြေနေချိန် မှာ ကျွန်တော်တို့ကတော့
ပညာသင်ရင်း စမ်းသပ်ရင်း တိုင်ပင်ဆွေးနွေးကြ ရင်းနဲ့ အဆင်
ကိုပြေနေပါရောလားဗျာ။
သူ့ဆိုင်ကယ်လေးနဲ့ နှစ်ယောက်သား ထွက်လာကြပီး tea shop
ဝင်ထိုင် မနက်စာစားရင်း ညက သူဘာလေ့လာတယ် ကိုယ်
ဘာလေ့လာတယ် ငါဘာတွေ့ထားတယ်သူ ဘာတွေ့ထားတယ်
အကြံညာဏ်တွေ ဖလှယ် အတူတွဲ လေ့လာနေရတာ တွေကိုက
တကယ့် ဘဝ မှာ ကျေနပ်မှု အရှိ ဆုံး အချိန်တွေပါဘဲ။ လူရယ်
ဖြစ်လာရင်တော့ ဘဝမှာ စိတ်ညစ်စရာ ဆို တာကတော့ ရှိကြ
တာပါဘဲ ဒါပေမယ့် ရှိတာကို ထိုင်စိတ်ညစ်နေမယ့်အစား ကို
ဘာကိုဝါသနာပါတယ် ကိုယ်ဘာလုပ်ချင်တယ် ဒါကို စိတ်အ
ပြောင်းလဲ လုပ်ပီး လေ့လာလိုက်စား ခြင်းအားဖြင့် စိတ်ပေါ့ပါး
လန်းဆန်းစေပါတယ်။ဒါကို တွေ့ရှိပီးနောက်ကျွန်တော့်ဘဝရဲ့
စိတ်ညစ် စိတ် ရှုပ်စရာ အချိန် တွေကိုလျော့ပါသွားစေခဲ့တာ
ကိုတွေ့ရှိခဲ့ ရသဖြင့်ကျွန်တော် အသုံးချနိုင်သလောက်အသုံးချ
နေခဲ့ပါတယ် အကျိုးလဲတကယ်ရှိနေပါတယ်။
Tea Shop မှာ မနက်စာ စားသောက်ပီးတာနဲ့ အလုပ်ခွင် တန်း
သွားခဲ့ကြတယ်။စီစဉ်စရာရှိတာစီစဉ်ပီး plasma စက်တစ်လုံး
က်ုစမ်းသပ်စစ်ဆေး ပီး လိုအပ်တာပြင်ဆင် ပြစ်ချက်ရှာ တာ
အလုပ်ပီးမြောက်ချိန် ဟာ 3နာရီကျော်သွားခဲ့ပါတယ်။ထမင်း
စားချိန် ကျော်လွန်သွားတာသိပေမယ့် ကိုယ်တိုင်ဝါသနာ စမ်း
သပ်ချင်စိတ်ကြောင့် ပြစ်ချက်ရှာ ပြင်ဆင် နေရတာနဲ့ ကို ထ
မင်းမေ့ ဟင်းမေ့ အချိန်တွေ ကျော်လွန်သွားပေမဲ့ လည်း စိတ်
မပျက်ခဲ့ပါဘူး ရည်ရွယ်ချက်တစ်ခုကို အောင်မြင် အောင် လုပ်
နိုင်ခဲ့ရသလို ပျော်ရွှင်မှု့ ဟာ ဘယ်အရာနဲ့ မှမလဲနိုင် အောင်ပါ
ဘဲ အချိန် ဆိုတာ ကိုယ်မပိုင်ပေမဲ့ စမ်းသပ်စစ်ဆေးပြင်ဆင်နေ
ချိန် တွေမှာ အောင်မြင်ခြင်း ကျဆုံးခြင်း ဆိုတာတွေ ဟာ ကျွန်
တော်တို့ပိုင်ဆိုင်တဲ့ အချိန်တွေပါဘဲ ဒီနေ့ တနေ့က တော့ကျွန်
တော်တို့အောင်မြင်ခဲ့တဲ့နေ့လေးတနေ့ပါဘဲခင်ဗျာ။
4.9.2021