တနေ့
မျော်လင့်ထားတဲ့ တနေ့ဆိုတာရိှတယ် ဘယ်
လိုနေ့လဲကိုယ်တိုင်ဘဲသိလို့အဲ့လိုတနေ့ကို
မျော်လင့်နေမိတယ်။ ပျော်ရွှင်ရမယ်ပေါ့ နေ့
စဉ် ကိုယ်တေ ကိုယ့်ဘဝကိုယ် မပိုင်တာတော့ နောင်တတေ တသီကြီးနဲ့ပေါ့ ပြန်တွေး
ကြည့်တော့လဲ ကိုယ်လုပ်ခဲ့ လို့ ကိုယ် ခံရ
တာ တစ်ခုမှ မရိှ ခဲ့ဘူး။ ဒီတော့ နောင်တ
ရလို့စိတ် ညစ်တာတော့မဟုတ်ဘူး တနေ့
တနေ့ ကျီးလန့် စာစားနေရပီး အိပ်ကောင်း
ခြင်းမအိပ်ရ စား ကောင်းခြင်းမစားရဒါတွေ
ကြောင့် စိတ်ညစ်နေရတာဘဲ။ဒါပေမယ့်လဲ
အရာရာ တိုင်းမှာ ကိုယ် မတတ်နိုင်တာတွေ
ရိှနေမှန်းသိတော့ ဘာမှ မတတ် နိုင်ပါဘူး။
အဲ့ဒီ မျော်လင့်ချက်တေပြန်လည်ရှင်သန်လာ
မယ့်တနေ့ အဲ့ဒီနေ့ ကိုတော့မျော် လင့်နေမိ
တုန်းပါဘဲ အစစအရာရာ အဆင်ပြေမယ့်နေ့
လေးတစ်နေ့ပေါ့။