ကောင်းလိုက် ဆိုးလိုက် နဲ့ ဖြစ်ချင်တိုင်းြဖစ်နေတဲ့ လောကကြီး
ကို စက်ဝန်း (ခေါ် )စက်ဝိုင်းကိုအခြေခံပီး သံသရာလည်တယ်
လို့ ရှေးလူကြီးသူမများ ပြောသောစကားများကို ကြားသိခဲ့ရ
ဖူးပါတယ်။ဒါကို မှန်၏ မှား၏ တော့ကျွန်တော် မဝေဖန်ချင်ခဲ့
ပါဘူး။ဝေဖန်နေဖို့ လဲ အချိန် မပေး နိုင်ခဲ့လို့ပါဘဲ ကောင်းခြင်း
ဆိုးခြင်း ဆိုတာဟာ လူ တစ်ဦးတစ်ယောက်ထဲနဲ့ သက်ဆိုင် တဲ့
ကိစ္စ တစ်ခုရယ်လို့တော့ မခံယူထားခဲ့ပါဘူး။အဲ့ဒါကြောင့်လဲအ
ငြင်းပွား ရမယ့် ကိစ္စ မျိုး ဆို တတ်နိုင်သလောက် ရှောင်ရှား
ရင်း သီးသန့်ဖြစ်တည်မှု့လိုမျိုး ကိုယ့်ဘဝကိုယ်တည်ဆောက်
နေထိုင်ခဲ့ပါတယ်။
လူတစ်ယောက်ဟာ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်
ဆိုးတာလုပ် ရင် ဆိုးတာဖြစ်မယ် ဆိုတာကိုတော့ ကျွန်တော်အ
ကြွင်းမဲ့ ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲ့ဒီ လူတစ်
ယောက်ဟာ တခြားသော လူတစ်ဦး တစ်ယောက်ရဲ့ ပိုင်ဆိုင်
သောအရာတစ်ခုခု ကို မသမာသော နည်းလမ်းဖြင့် ရယူခဲ့ပါ
လျှင် တစ်ဖက်လူ အတွက်ဟာ တပါးသူအတွက် တန်ဖိုးနည်း
နိုင်တဲ့ အရာပင် ဖြစ်သော်ငြားလည်း ထိုသူအတွက်က အင်မ
တန် တန်ဖိုးကြီးလှသော အရာ ဖြစ်နေခဲ့ပါလျှင် မကောင်းတာ
လုပ်ခဲ့သောသူ အား သူတွေရှိခဲ့လျှင် ထို ခံရသူကငြိမ် ခံနေခဲ့
လိမ့်မည်တော့ မဟုတ်ပါ။ ကိုယ်ပြုခဲ့သော မတရား မှု့ အနိုင်
ရယူလိုမှု့ဖြင့် ယုတ်မာခဲ့ဖူးသော အပြစ်အနေနှင့် မကောင်း
သော အရာကို သူပြန်ခံရလိမ့်ပေဦးမည်သာ ထို့အတူကောင်း
မှု ဆိုသောအရာ မှာလဲ ထိုကဲ့သို့ ဖြစ်ပါလိမ့်မည်။
ထိုသော အချင်းအရာကိုကြည့်ခြင်းအား ဖြင့်တစ်ပါးသူ ၏
ကျေးဇူး ပြု ကူညီ တတ်သောသူ သည်လည်း သူပြု သော
ကျေးဇူး ၏ ကောင်းကျိုး ကျေးဇူး အရာကိုပြန် ရနိုင်မည်မှာ
မည်သို့ မှ မလွဲ နိုင်သော အရာပင်တည်း။ ထို့ကြောင့်လူတစ်ယောက်ဟာ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်ဆိုးတာလုပ် ရင် ဆိုးတာဖြစ်မယ် ဆိုတာကိုတော့ ကျွန်တော်အကြွင်းမဲ့ ယုံကြည်ပါတယ်။ဒီအရာကို ရှေး လူကြီးများက သံသရာလည်
သည်ဟု ခေါ်ဝေါ် သုံး စွဲခြင်းပင်ဖြစ်နိုင်ပါလေသည်။