အလုပ်လုပ်စား ရတာလဲ အတော် မလွယ်ပါဘူး ခုဆိုရင် ရောဂါ
တေက တစ်မျိုး နိုင်ငံရေး အခြေနေက တစ်မျိုး နဲ့ အစစ အရာ
ရာ အဆင်မပြေ လှပါဘူး အဲ့ဒီထက် ဆိုးတာကတော့ အလိုက်
ကမ်းဆိုးမသိသော အလုပ်ရှင် များ ရိှနေခြင်းပါဘဲ။အလုပ်တွေ
အဆင်မပြေတာဟာ covid19 စဖြစ်ကတည်းကပါဘဲ ဒီကြား
ထဲ အာဏာရူး တစ်စုဟာ လက် နက် အားကိုးနဲ့ အာဏာ သိမ်း
လိုက်တော့ အခြေတွေဟာ ပိုဆိုး လာပြီး စီးပွားရေး လမ်းတွေ
လူတန်းစား မရွေး ပိတ်ဆို့ ကုန်ပါတော့တယ်။အရင်း အနှီးကြီး
ကြီးမားမား ရိှတဲ့ အလုပ်ရှင်တွေ အဆင်ပြေ ကြပေမယ့် လက်
လုပ်လက်စား သာမန် လူတန်းစားတွေ အနေနဲ့ဘယ်လိုမှ ပင် အ
ဆင်မပြေတော့ဘဲ နီးစပ်ရာ ရရာအလုပ်ကိုသာ ကြိုးစားပမ်း
စားလုပ်နေကြရပါသော်လည်း ဝမ်းဝယုံပင်လျှင် အဆင်မပြေ
ကြတော့ပါဘူး။အစစ အရာရာ ကြပ်တည်း နေကြသည်ကိုသိ
ကြသော်လည်း တချို့ သောအလုပ်ရှင်များ မှာပညာ ရှင်ကိုပင်
သာမန် နေ့စားသမား အဆင့်လောက်ပင် မသတ်မှတ်တော့ဘဲ
ကျွေးရင်စား ပေးရင်ယူ ဟူ၍ စသဖြင့်ဆက်ဆံလာကြပါတယ်။
ဒီလိုအခြေ နေတွေကြားမှာ မြန်မာ ပြည်သူတွေ ဘယ် လောက်
များများ ဖြတ်သန်းနေကြရလဲ မသိပါဘူး သေချာတာကအရင်း
ရှင်အများစု ကတော့ အမြတ်ထုတ်ဖို့ကောင်း နေချိန် တစ်ခုလို
ပါဘဲ ။ကိုယ့် နိုင်ငံကလဲ ခက်သားလား စကားပုံတိုင်း ဟာ မတူ
ညီကွဲပြားပါတယ် ဆိုင်ရာ ဆိုင်ရာလေးတွေ မှာလဲ ကိုက်ညီနေကြပြန်ပါတယ်။ပြောမကုန်ပေါင် တောသုံးတောင်တေသာ ဖြစ်
သွားမယ် ပြီးပြတ်မှာ မဟုတ်တဲ့ ကိစ္စတွေဟာ လဲ တစ်ပုံ တစ်ပင်
နဲ့ပါ အာဏာရူး တေ ထပ်ပြီး ရူးနေသရွေ့ ကျွန်တော်တို့ပြည်သူ
တွေ ထပ်ဒုက္ခတွေ ရောက်နေမှာ မြင်ပီး စိတ်ပျက်ရပါတယ်။ဒီ
အခြေနေကြီးမြန်မြန်ပြီးသွားပီး အလုပ်ကိုင် တွေ မြန်မြန်ပြန်အ
ဆင်ပြေဖို့သာဆုတောင်းရင်း..........
11.9.2021
8:13pm
GTM+6:30