မှိုအမျိူးစားများစွာရှိကြပါသည်။ထင်ရှားသည့်မှိုတွေ
ထဲမှာတော့ ကောက်ရိုးမှိုကို လူသိများကြပါသည်။
ကောက်ရိုးမှိုကိုစိုက် ပျိုးရန် အတွက် အဓိက ကုန်ကြမ်း
မှာ ကောက်ရိုးပင် ဖြစ်ပါသည်။ ကောက်ရိုးမှိုသည် ပူနွေး
စိုစွတ်သော ရာသီဥတု ကို နှစ်သက်ပါသည်။ထို့ကြောင့်
ကောက်ရိုး မှို စိုက်ပျိုးလျှင် မိုးကောင်း သော ကာလများ
တွင် မစိုက်ပျိုး ကြပါ။ ပူနွေး စိုဆွတ်ခြင်းကို သဘာဝ
နေရောင်ခြည် နှင့် ရေဖြန်းခြင်း တို့မှ ရရှိပါသည်။ယခု အခါ
ခေတ်မှီ စိုက်ပျိုးရေး နည်း စနစ်များထွန်းကားနေပီ ဖြစ်ရာ
ပုံစံအမျိုးမျိုး ဖြင့် လည်း စိုက်ပျိုးနေ ကြပါသည်။
ယခင်က နွေဦး ကာလ ဆောင်းဦးကာလ တို့တွင်သာ
ရွေးချယ် စိုက်ပျိုးကြ သော်လည်း ယခု့ အခါ ခေတ်မှီ
စိုက်ပျိုးရေး နည်းစနစ် များဖြင့် ရာသီမပြတ် စားသုံး
နိုင်ရန် စီးပွားဖြစ် လဲ စိုက်ပျိုးနေ ကြပါသည်။
မှိုစိုက် ပျိုးရန် အတွက် ယခင်က နည်းလမ်းမှာ ကောက်
ရိုးပင်ကို အချင်း 10" အလျှား 3' ခန့် အထုံး လေးတွေ
စည်းရပါတယ် ရေ တစ်ည စိမ်ပြီးနောက် မိုးလုံလေ လုံ
ခန်းတွင် 5 ထုံးလျှင် တစ်လွှာစီ ဆန့်ကျင် ဖက်စီပြီး စုစု
ပေါင်း ခုနှစ်လွှာ ထိစီရပါတယ်။အလွှာ၏ ဘေး 3" ပတ်
လည်လောက်တွင် မှို မျိုး ကို ကောက်ရိုးများ ထဲ ထည့်ပေးရ
ပီး လိုအပ်လျှင် ရေလောင်းပြီး ဖိပေးရပါတယ်။
စိုက်ပျိုးပီး 4 ရက်ခန့် ကြာလျှင် ကောက်ရိုးထုံးပါတ်လည်ကို
ရေလောင်းပေးရပါတယ်။ နောက် 3 ရက်ခြား တစ်ကြိမ်
လောာင်းးရပီး ရက်သတ္တ 3 ပါတ် လောက်
ရောက်လျှင်စတင် ခူးပီး စားသုံး နိုင်ပါသည်။
ကောက်ရိုးမှို သည် အဟာရဓါတ် ပြည့်ဝစွာပါဝင် သဖြင့်
လူသားတိုင်း စားသုံးသင့်ပါသည်။