ယခင်ကျန် ရှိခဲ့တဲ့ အချိန်တွေကို ပြန်တမ်းတ တတ်ကြတဲ့ လူ
တွေရှိတယ်။အတိတ် ကိုကြောက်ရွံ တတ်ကြ တဲ့ သူတွေ လဲ
ရှိတယ်။ တမ်းတပြီး ပျော်ရွှင်မှု့ တွေ ကိုကြည်နူး နေတတ် ကြ
တဲ့ သူတွေ အားရဝမ်းသာပြောပြ နေတတ်ကြ တဲ့ သူတွေကတော့ အတိတ်မှာ ကောင်းတာတွေ ကို သာ လုပ်ခဲ့ ကြသူ
တွေဖြစ်ပီး လက်ရှိဖြတ်သန်း နေရတဲ့ အချိန် တွေမှာလဲ သူတို့
ဟာ ပျော်ရွှင်နေကြ သူတွေ ဘဲ ဖြစ်တယ်။ဆိုးမိုက် တဲ့ လုပ်ရပ်
တွေကို လုပ်ခဲ့ ကြသူများကတော့ အတိတ် မှာ သူတို့ လုပ်ခဲ့ကြ
တဲ့ လုပ်ရပ် တွေ ရဲ့ တန်ပြန် ရောက်ရှိခံ စားရမယ့် အခြေ နေ
တွေကြောင့် ကြောက်ရွံ ပီးတော့သာ အချိန်တိုင်း မချမ်းမြေ့
ဖြစ်နေကြရတတ်ပါတယ်။ထိုအရာကို အတိတ် ရဲ့ အရိပ်လို့
ခေါ်ပါတယ်။
နေပူထဲကို လူတစ်ယောက်ဟာ အကြောင်းကိစ္စ တစ်ခုကြောင့်
ထွက်ခဲ့ လျှင် ထိုသူ၏ အရိပ်သည် ထိုသူသွား ရာ အရပ်၏
နေရာတိုင်းကို လိုက်နေသကဲ့ သို့ ကျွန်တော် တို့ အတိတ် မှာပြု
လုပ် ခဲ့ သော ကောင်းခြင်း အမှု ဆိုး ခြင်း အမှု့ ဆိုသည့် အရာ
များမှာလဲ ထို အရိပ်ကဲ့သို့ ကျွန်တော် တို့၏ နောက်သို့ အမြဲ
တစေ တကောက်ကောက် လိုက်နေမှာ ဘဲ ဖြစ်ပါတယ်။ထို့
ကြောင့် ယခု အချိန်တွင် မိတ်ဆွေသာ သက်ရှိထင် ရှားရှိနေ
သေးပြီးတွေး တတ်သေးလျှင် အတိတ်က ကောင်းခြင်း အမှု့
များကိုသာ လုပ်ခဲ့ လျှင်လဲ ဆက်လက် လုပ် ဆောင် သင့်ပါ
ကြောင်းနှင့် ဆိုးသော အမှု ကိုပြုခဲ့ သည်ဆိုလျှင်လဲ ရှေ့သော
ဖြတ်သန်းရမည့် အချိန်များမှာ ကောင်းသောအမှု့ များကိုသာ
ရွေးချယ် လုပ်ဆောင် သင့်ပါကြောင်းကို စေတနာ မေတ္နာ များ
စွာဖြင့်............