ကျွန်တော်ဟာ မြန်မာနိုင်ငံသား ဗမာ လုမျိုး တစ်ယောက် ဖြစ်တယ်။ ဒီနေ့လဲ အဓိပ္ပယ်မဲ့
တစ်ရက်ကုန်ဆုံး သွားသလို ဘဲ ခံစားရ တယ်။ ဒါပေမဲ့ တတ် နိုင် သလောက်တော့ အကျိုး
ရှိ အောင် ကြိုးစားနေ ခဲ့တယ်။ အရေးတော်ပုံ ကြီးပီးသွား ခဲ့ရင် အပြင်အလုပ် တွေ တင်
မဟုတ်ဘဲ အိမ်မှာ လဲ တစ်ပိုင်တစ်နိုင် ဟင်းသီး ဟင်းရွက်တွေ စိုက်ထားမယ် အရမ်းတေ
အချိန်တေကုန်နေခဲ့ပြီ ဒီလိုဖြတ်သန်း ခဲ့ရတဲ့ နေ့တွေ အတွက် ဒီအရေးတော်ပုံကြီး ပီးရင်
အရင်ထက် နှစ်ဆ သုံးဆ လေးဆမက အလုပ်ပိုလုပ်မယ်။
ခုအရေးတော်ပုံကြီးက ဘာတွေသင်ပေးခဲ့လဲဆို နောက်တစ်ခါပြန်မရတော့မယ့် အခွင့်ရေး
တွေတွက် နောင်တမရဖို့နဲ့ "လသာတုန်း ဗိုင်းငင့်" "မိုးရွာတုန်း ရေခံ" ဆိုတဲ့စကားပုံတွေကို
သိပြီး အလေးမထား မိခဲ့တာတွေ ကို သတိရစေတယ်။ကူညီ ချင်စိတ် တစ်ခုထဲနဲ့ လုဆိုတာ
ရပ်တည်လို့ မရတာတွေလဲ သိလာခဲ့တယ် ကိုယ်တိုင် ကြိုးစား အားထုတ် စုစောင်းရမယ်
ဆိုတဲ့ အတွေးတွေ ဝင်လာတယ်။အရင်ချိန် တွေက အလုပ်ရှိလို့ငွေ မခက်ပေမယ့် ဒီလို အ
လုပ်အကိုင် တွေ ရပ်နားထားခဲ့ရရင် ငါတို့ ဘယ်လိုရပ်တည်မလဲ ဆိုတဲ့ အတွေးသစ်တွေ
လဲဝင်လာတယ်။
အဆိုးတကာ အဆိုးဆုံးဟာ ကိုယ့်ဖာသာ မဆုံး မနိုင်ခြင်းဟာ အဆိုးဆုံး ဘဲ နောက်ထပ်များ
ထပ်ကြုံရလို့ ဒီလိုထပ်ဖြစ်နေရင် ကိုယ့်အပြစ်ဘဲ ခုအခြေနေထိ ဖြစ်နေတာမှဘမမှတ်သေး
ရင် ငါထက်မိုက် တဲ့သူ ရှိဦးမလား။ လူတွေကို ကူညီရဦးမယ် ကယ်တင်ရဦးမယ် ဆက်မိုက်
နေလို့တော့မဖြစ်ဘူး ရှေ့လျှောက်သတိ ထားရမယ် အစစအရာရာ အရင်ထက်ပို ဂရုစိုက်
ရမယ်။နောက်ထပ်အခွင့် ရေးရရင် ဒီထက်ပို ကြိုးစားချင်ပါသေးတယ်။