This content got low rating by people.

Gold

Words
77
Reading
1 min
8y
Listen to this post
~1 min

Fed ဗဟိုဘဏ်မှ ထရမ့်အစိုးရလက်ထက်အတွင်း ယခုအချိန်ထိ အတိုးနုန်း 5 ကြိမ်တိုးခဲ့ပြီးဖြစ်သည်။ အတိုးနုန်း တိုးခြင်းသည် ဒေါ်လာတန်ဖိုးအတက်ကို အားပေးအားမြှောက်ပြု စေပြီး အရှိန်အဟုန်ဖြင့် တိုးတက်နေသော အမေရိကန်စီးပွားရေး တန့်သွားစေမည်ကို စိုးရိမ်သောကြောင့် ထရမ့်အနေဖြင့် အတိုးနုန်းတိုးမည့်အရေးကို အားမပေးလိုခြင်းဖြစ်သည်။ ၄င်းမှတ်ချက်သည် ဈေးကွက်အတွင်းချက်ချင်း သက်ရောက်ခဲ့ပြီး ယူရိုနှင့် ယှဉ်တွဲသော ဒေါ်လာငွေကြေးအတွဲ EURUSD 1.1500 အထက် ချက်ချင်းခုန်တက်ခဲ့သည်။ ပြီးခဲ့သော တစ်ပတ်ကတော့ တူရကီကြွေးမြီပြဿ နာကြောင့် ယူရိုငွေကြေးထိခိုက်ခဲ့ပြီး EURUSD 1.1300 အောက်ရောက်ခဲ့ရာမှ ပြန်တက်လာခဲ့ခြင်းဖြစ်သည်။ ယူရို ပြန်တက်လာခြင်းကလည်း ရွှေ တက်ဖို့အတွက် အားတစ်လက်ဖြစ်စေသည်။

လတ်တလော ကမ္ဘာ့ရွှေ ဈေးတန်း 1200 (Psychological Level) ကို ဖောက်တက်သွားပါက 1205 အထိတက်နိုင်ပြီး 1205 သည်အဓိကစောင့်ကြည့်ရမည့် Resistance Level ဖြစ်လာမည်။ 1205 ကို ဆက်၍ ဖောက်တက်ပါက 1212 မှတဆင့် 1233 ဈေးတန်းကို များမကြာမီ မြင်လာရဖွယ်ရှိသည်။ 1190 အောက်ကို ဖောက်ဆင်းပါက 1187 - 1182 ဝန်းကျင် ပြန်ဆင်းနိုင်ချေရှိနေပါသည်။

Gold | Ecency