Thoughtful

Words
146
Reading
1 min
Listen
Play
8y

20180404_202432.pngအခုတလော ဖေ့ဘွတ်မှာ တွေ့တွေ့နေရလို့ပါ၊ အဓိက အားဖြင့် Movies Review တွေပေါ့၊ တချို့လူတွေက ပြောလာတယ်၊ ဟာတဲ့ သည်လောက် ဘုံးပေါလအော Review တွေပေါနေတာ ဆရာတွေတယ်ပေါလှ တကားတဲ့၊ ပြီးတော့ ဝေဖန်ရေးတွေကလည်း သူတလူငါတမင်းဆရာတွေဖြစ်နေကြတယ်ပေါ့။ အဲ့နေရာမှာ ကျွန်တော်လည်ဆွေးနွေးချင်တယ်ဗျ။ အဓိက ကျွန်တော်တို့ ဖွံ့ဖြိုးပြီး နိုင်ငံ၊ ဖွံ့ဖြိုးဆဲနိုင်ငံ၊ မဖွံဖြို့သေးတဲ့ နိုင်ငံ အဖြစ်ခွဲခြားရှုမြင်နိုင်ပါတယ်။ မဖွံ့ဖြိုးသေးတဲ့နိင်ငံတွေမှာဆိုရင်တော့ လူတွေက ဘာမှ သိပ်မပြောကြဘူးဗျ၊ပြီး နည်းပညာအားဖြင့် သေချာစွာဝေဖန်ဖို့ရာလည်း မရှိပြန်ဘူး၊ လူစွမ်းကောင်းလောက်ပဲ ထင်ပေါ်သူရှိတာ၊ ဆုံးဖြတ်နိုင်ကြတယ်ပေါ့ဗျာ။ ဆိုတော့ တချို့အကြောင်းရာအတော်များများကို ဝေဖန်ရေးလုပ်တယ်ဆို ရင်တောင် မတိကျမသေချာတဲ့အတွက် အတိုင်းတာတခုလောက်ပဲဝေဖန်ကြတော့ အဲ့တော့ ဆရာနည်း တယ်၊ သင်ယူသူများတယ်။ အဲ့ ဖွံ့ဖြိုးပြီးနိုင်ငံကို ဒုတိယအနေနဲ့ ပြောပါရစေ၊ အဲ့လိုနိုင်ငံတွေကြတော့ သူတို့အတော်များ များက နိုင်ငံကြီးသားအဖြစ်နဲ့ ရင်းကျပ်သွားပြီး၊ ပညာရှင်များသွားပြီးပေါ့၊ သင်ယူ သူလဲများသလို ဆရာတွေလဲများပြီး ဆရာဆိုတဲ့ နေရာမှာ သူ့ဘာသာအလိုက်၊ ကျွမ်းကျင်မှု အသီးသီးနဲ့ ရပ်တည်ကြတယ်၊ နေရာတကာ ၀င်မပါဘူး၊ ပါရင်လည်း အတကျအခိုင်မာပြောဆိုနိုင်မှ ပါဝင်ကျတာမျိုးပဲဖြစ်တယ်။ ဝေဖန်ရေ လေကန်ရေးဆိုရင်တောင် ပညာရှင်ဆန်စွာဝေဖန်လေကန်ကြတယ်လို့ပြောလို့ရပါတယ်။
အဲ့ဆိုတော့ နောက်ဆုံးအနေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာကြတော့ ဆရာတွေအရမ်းများတာဗျ၊ ဆရာတွေပဲ သင်ယူသူမရှိသလောက်ပဲ အားလုံးသိ၊ အားလုံးတက်တွေများသား၊ သူတို့မှာ အလွယ်တကူ သတင်းအချက်လက်ကို ရရှိနိုင်တယ်ပေါ့။ အလွယ်တကူ သင်ယူနိုင်တယ်၊ ဝေဖန်ရေးနဲ့ လေကန်ရေးလားမပြောနဲ့ ဝေဖန်ပြီးသားပဲ၊ အားလုံးသိနေတယ်ပေါ့။ ဒါပေမယ့် သူတို့ကို အတိကျအသေချာ ရှင်းပြဖို့ မေးကြည့် ဟိုဟာကို ကိုးကား သည်ဟာ ကိုးကားသလိုနဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင် ဟန်ပန်လုံးဝမရှိတော့ဘူး၊ နောက်တစ်ခုက သူပြောတဲ့ ဟာက သည်လိုအကိုးကားတွေရှိလို့ပြောရတာ သူ့မှာတာဝန်မရှိဘူး အပြစ်တင်ချင်ရင် အကိုးကားတွေကိုသာ အပြစ်တင်လို့ ပြောကြသေးတယ်။ ဒါဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကျုပ်တို့ရင်ဆိုင်ကို ဆိုင်ရမယ် စိန်ခေါ်မှုပဲ ဆိုပါတော့ဗျာ။ ကျုပ်တို့ လူတစ်ဦးချင်းစီကို ပြန်ကြည့်ရင်လည်း တွေ့နိုင်ပါတယ်။ မဖွံ့ဖြိုးသေးတဲ့သူ၊ ဖွံ့ဖြိုးပြီးသူ၊ ဖွံ့ဖြိုးဆဲသူတွေမှာ သည်လို အပိုင်းခြားလိုက် ကွဲပြားမှုလေးတွေကို မြင်နိုင်မှာပါ၊ ဆိုတော့ နိဂုဏ်းချုပ်ရရင် တစ်ခုခုမကြေနပ်တာကြုံတဲ့ အခါကြရင် ဘယ်လိုနိုင်ငံမျိုးမှာနေနေလဲ၊ ကိုယ်ပတ်ဝန်းကျင်က ဘယ်လိုလူမျိုးတွေလဲ၊ ကိုယ်ရော ဘယ်လိုလူ လဲဆိုတာမျိုးကို ချိန်ထိုးစဉ်းစားသင့်ပါတယ်လို့ ပြောကြားရင်း ရွှင်လန်းချမ်းမြေ့ကြပါစေ။

Thoughtful | Ecency