Steem Monsters daily Pack Opening

Words
70
Reading
1 min
Listen
Play
8y

Steem ပေါ်မရောက်ဖြစ် ပိုစ်မတင်ဖြစ်ခဲ့တာလဲ ကြာခဲ့ပါပြီ။ စာမရေးဖြစ်သော်လည်း ဆော့လက်စ SM ကတော့ တနေ့တကြိမ်ဆော့ပေးနေပါတယ်။ SM မှာ ကိုယ့်လူတွေလဲမတွေ့ဖြစ်တော့ဘူး မဆော့ဖြစ်ကြတော့ဘူးထင်ပါရဲ့။ ကဒ်တွေရောင်းမထွက်သေးတာနဲ့ မှေးပြီး Quest ဆော့နေတာ ဒီရာသီမှာတော့ Gold 1 မှာ ထိမ်းထားနိုင်ခဲ့ပါပြီ။ Diamond ကိုရောက်ဖို့တော့ မသေချာဘူး။ ဘာလိုလဲဆိုတော့ အယင်လိုမဆော့ဖြစ်တော့ဘူးလေ၊ Quest လောက်ပဲ အပျင်းပြေဆော့ဖြစ်တော့တယ်။
pxma41evip.jpg
ရတဲ့ကဒ်တွေကတော့ အယင်လိုပါပဲ ဘာမှမထူးခြားဘူး။ ဒီလိုဈေးပေါတဲ့ကဒ်တွေထုတ်ပေးနေလို့လဲ SM ဆော့သူနည်းပါးလာတာထင်ပါတယ်။ steem ဈေးကလည်း အားရစရာမရှိဘူးလေ။ တက်မလိုအရိပ်ပြပြီး ပြန်ကျသွားတော့ အားပျော့ကြပြီးပေါ့။
n1lbqhnpuw.jpg
ကဒ်တွေရင်းနှီးပြီး Level မြှင့်ထားတဲ့သူတွေကတော့ ဆော့နေပါသေးတယ်။ SM ပုံစံကိုလည်း မနေ့ကစ ပြောင်းလဲလိုက်တာကိုတွေ့ရပါတယ်။ ဘယ်လိုပဲပြောင်းလဲပြောင်းလဲ ကိုယ်ရင်းနှီးထားတာနဲ့ ရလာတဲ့ကဒ်တွေက မတန်တော့ ဆော့တဲ့သူတွေလည်း ဘယ်အားရှိပါတော့မလဲ။ ဆိုဒ်ပျက်မသွားတာကိုပဲ ကျေးဇူးတင်ရမယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်တွေကတော့ နေ့စဉ် Quest လေးတော့ ဆော့နေဦးမှာပါ။
wpf32szxxu.jpg
Images Credit - Original Source
kyawhlaing@kyawhlaing

Steem Monsters daily Pack Opening | Ecency