တာဝန်ယူမှုအတွက် အလုပ်က သင့်ကိုတစ်ဖန်ပြန်လည် အကျိုးကျေးဇူးပေးမှာဖြစ်ပါတယ် ကိုယ်ယူထားတဲ့
ရာထူးအတွက် အဆမတန်သော အလွန်တော်သော အရည်အချင်းတွေ ရှိနေသူတွေကလည်း ကိုယ့်အလုပ်ကို
လေးစားရပါမယ် မတန်မရာမလို့ ဖြစ်သလိုတော့ မလုပ်သင့်ကြပါဘူး သိပ်လွယ်ကူပြီး နိမ့်ကျသောအလုပ်ဖြစ်
နေလို့ စိတ်ပျက်နေမယ်ဆိုရင်တော့ မကြာခင် အလုပ်ကသင့်ကို စိတ်ဆင်းရဲမှုတွေဖြစ်ပေါ်စေမှာပါ
ဒီလိုလူတွေက အလုပ်ထဲမှာ အစွမ်းအစပြချင်ပေမယ့် ပြခွင့်မရလို့ စိတ်ပျက်တက်ကြပါတယ် ဒါကြောင့်သူနဲ့
ထိုက်တန်သော အလုပ်ကိုသာ ခိုင်းစေခြင်းသည်အကောင်းဆုံးဖြစ်ပါတယ်
အလုပ်ကြီးတွေကိုလည်း အရည်အချင်းမပြည်မှီသူတွေကို မခိုင်းသင့်ပြန်ပါဘူး အလုပ်ကကြီးပြီး လုပ်တဲ့သူ
အ၇ည်အချင်းကသေးတဲ့အခါ မနိုင်မနင်းတွေဖြစ်ပြီး ဒီလူလည်း ပထမလူလိုဘဲ အလုပ်ထဲမှာ ပျော်ပိုက်နိုင်
မှာမဟုတ်ပါဘူး သူ့ရဲ့ လုပ်ဆောင်ချက် အားနည်းချက်တွေကြော်င့ လုပ်ဖော်ကိုင်ဖက်တွေကြားမှာ သိမ်ငယ်
ရှက်ရွံ့ဂုဏ်ငယ်နေတက်ပြန်ပါတယ်။ သင့်တော်သောသူကို သင့်တော်သော အလုပ်ကိုသာ ခိုင်းစေသင့်ပါတယ်
သူ့အတွက် လည်း အကျိုးမရှီ အလုပ်အတွက်လည်း အကျိုးမရှိတွေဖြစ်လာပါတော့တယ် ။
အလုပ်ထဲမှာ စကားများရန်ဖြစ် ပြသနာရှာတက်သူတွေကိုလည်း ဖြစ်နိုင်ရင် မထားသင့်ပါဘူး သူလိုလူက တစ်ခု
မဟုတ်တစ်ခု တစ်ယောက်နဲ့မဟုတ် တစ်ယောက် အမြဲပြသနာ တက်အောင် လုပ်နေတက်ပါတယ် သူက ဒီလိုလုပ်
နေရတာကို ကျေနပ်အားရနေသူပါ။ ဒီလိုလူတစ်ယောက် အလုပ်ထဲမှာ ရှိနေတယ်ဆိုရင်တော့ သင့်အလုပ်တစ်ခု
လုံး စိတ်ညစ်စရာတွေ စိတ်ပျက်စရာတွေ စိတ်မချမ်းမြေ့ဖွယ်တွေကို မကြာခဏ ကြုံနေရတော့မှာဖြစ်ပါတယ်