တိုက် ၊ ပီရူးနိုင်ငံမှာ တည်ရှိပါတယ်။ အနက်မီတာ ၃၅၀၀ ကျော်ရှိပါတယ်။ ဒီချောက်ကြီးဟာ ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်တစားလာရောက်ကြတဲ့ ပီရူးနိုင်ငံရဲ့ တတိယမြောက် ခရီးသွားဒေသလည်းဖြစ်ပါတယ်။ ကိုကာတောင်ကြားဒေသမှာ ကိုလိုနီအငွေ့အသက်တွေကျန်ရှိနေတဲ့ မြို့ငယ်လေးတွေကိုလည်း တွေ့ရမှာဖြစ်ပြီး သာယာလှပတဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။
၃။ Cotahuasi Canyon
ဒီချောက်ကလည်း ပီရူးနိုင်ငံမှာပဲ တည်ရှိတာဖြစ်ပါတယ်။ ပီရူးနိုင်ငံ ၊ အာရီကယူးပါးမြို့အနီးမှာ တည်ရှိပါတယ်။ အနက်မီတာပေါင်း ၃၃၀၀ ကျော်ရှိပါတယ်။ ချောက်ရဲ့ အောက်ခြေမှာ ကွန်တာဟူဆီမြစ်က စီဆင်းနေပါတယ်။
၎။ Grand Canyon
Grand Canyon ချောက်ကတော့ အမေရိကန်နိုင်ငံရဲ့ နာမည်ကြီးနေရာတစ်ခုဖြစ်ပါတယ်။ ချောက်အနက်မီတာ ၂၀၀၀ နီးပါးရှိပါတယ်။ အမေရိကန်နိုင်ငံ ၊ အာရီဇိုးနားပြည်နယ်မှာ တည်ရှိပြီး အောက်ခြေမှာ ကော်လိုရာဒိုမြစ်က ကွေ့ကောက်ပြီး စီးဆင်းနေပါတယ်။ ဒီနေရာကို စပိန်လူမျိုး ဂါစီယာလိုပက်စ်ဒီကာဒီနက်စ်က အရင်ဆုံးရောက်ရှိ တွေ့ရှိခဲ့တာဖြစ်ပြီး ၁၅၄၀ ခုနှစ်မှာ ရောက်ရှိခဲ့တာဖြစ်ပါတယ်။ကြောင်လေးတွမ်နဲ့ ကြွက်လေး ဂျယ်ရီဆိုတာ
မတည့်အတူနေ ကြောင်နဲ့ကြွက် Tom & Jerry ဇာတ်ကားကို ဆိုရင်ကလေးဘဝတုန်းက စွဲလမ်းနှစ်သက်စွာ ကြည့်ရှုခဲ့ရတဲ့ ကာတွန်းစီးရီးလေးတစ်ခုဖြစ်ပါတယ်။
တစ်ကောင်နဲ့တစ်ကောင်အနိုင်မခံ အရှုံးမပေးစိ