P5KAကာင့် ပလတ်စတစ်ပစ္စည်းတွေက နေ့စဉ်လူနေမှုဘ၀မှာ မပါမဖြစ် ပစ္စည်းအဖြစ် ရှိနေဆဲဖြစ်ပါတယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်ကို ဆိုးကျိုးမပေးပဲ နေ့စဉ်လူနေမှုဘ၀မှာလည်း အကျိုးရှိနိုင်မယ့်နည်းလမ်းတစ်ခုကို တင်ပြပေးချင်ပါတယ်။ အဲဒါကတော့ ပလတ်စတစ်ဗူးတွေကို လွှင့်မပစ်ပဲ အသုံးချနိုင်မယ့် နည်းလမ်းတွေ ဖြစ်ပါတယ်။
၁။ ပစ္စည်းထည့်ခွက်အဖြစ်အသုံးပြုနိုင်ခြင်း
ပိုလျှံနေတဲ့ ပလတ်စတစ်ဗူးအလွတ်တွေကို ဘောပင်အပါအ၀င် ပစ္စည်းကိရိယာတွေ ထည့်နိုင်တဲ့ ခွက်အဖြစ် ပြန်လည်အသုံးပြုနိုင်ပါတယ်။ ဗူးခွံရဲ့ အလယ်ကို ဖြတ်ထုတ်ပြီးနောက် ခွက်ပုံစံဖြစ်သွားတဲ့ ဗူးခွံအောက်ပိုင်းကို အလှဆင်ကာ ဘောပင် ၊ ခဲတံ ၊ ပေတံနဲ့ ကျောင်းနဲ့ ရုံးသုံး ပစ္စည်းထည့်ခွက်အဖြစ် အသုံးပြုနိုင်မှာဖြစ်ပါတယ်။
၂။ ဟင်းခတ်အမွှေးအကြိုင်တွေသိမ်းဆည်းနိုင်ခြင်း
ပလတ်စတစ်ဗူးခွံအလွတ်တွေကို ဆေးကြောပြီး ဆား ၊ အချို့မှုန့် ၊ သကြား အစရှိတဲ့ ဟင်းခတ်အမွှေးအကြိုင် တွေထည့်သွင်းသိမ်းဆည်းနိုင်တဲ့ ဗူးအဖြစ်ပြောင်းလဲအသုံးပြုနိုင်သလို ကော်ဖီ ၊ နို့မှုန့် ၊ မြေပဲ အစရှိတဲ့ အစားအသောက်ပစ္စည်းလေးတွေကိုလည်း သိမ်းဆည်းထားနိုင်ပါတယ်။
၃။ ပန်းအိုးအဖြစ်ဖန်တီးနိုင်ခြင်း
ဒီနည်းကိုတော့ ၂ လီတာလောက်ရှိတဲ့ ပလတ်စတစ်ဗူးတွေကို ပြန်လည်အသုံးချတဲ့အခါမှာ အသုံးပြနိုင်ပါတယ်။ ၂ လီတာလောက်ရှိတဲ့ဗူးရဲ့ ၃ ပုံ ၂ ပုံလောက်ကို ဖြတ်ထုတ်ပြီးနောက် ဗူးခွံကို ဆေးရောင်ခြယ်ပါ။ ပြီးရင်တော့ မြေသြဇာနဲ့ မျိုးစေ့တွေကို ခွက်ထဲထည့်ပြီး အသုံးပြုနိုင်ပါပြီ။
၎။ ပိုက်ဆံစုဗူးအဖြစ်အသုံးပြုနိုင်ခြင်း
ပလတ်စတစ်ဗူးခွံတွေကို ပိုက်ဆံစုဗူးအဖြစ်လည်း ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ ဗူးခွံအတွင်းပိုင်းကို ဆေးကြောပြီး ပြင်ပကို ပြင်ဆင်ခြယ်သတာတွေ ပြုလုပ်ကာ ပိုက်ဆံစုဗူးအဖြစ် အသုံးပြုနိုင်မှာဖြစ်ပါတယ်။
၅။ ဖုန်းထည့်တဲ့ခွက်အဖြစ်အသုံးပြုနိုင်ခြင်း
ပလတ်စတစ်ဗူးခွံကို ဖုန်းထည့်တဲ့ခွက်အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ ဖုန်းကို ဒီအတိုင်းစားပွဲပေါ်တင်ထားရင် မလိုအပ်ပေမယ့် အမြင့်တစ်နေရာရာချိတ်ထားချင်တာမျိုး ၊ မီးအားသွင်းထားချင်တာမျိုးတွေဆိုရင်တော့ အသုံးဝင်မှာပါ။ ဗူးအပြားဖြစ်မယ်ဆိုရင်တော့ ပိုအဆင်ပြေမှာပါ။ ဗူးအပြားကို အိတ်ပုံစံချိတ်လို့ရတဲ့ ပုံစံလေးမှတ်ပြီး ဖြတ်ထုတ်လိုက်ပါ။ ပြီးရင်တော့ အမြင့်တစ်နေရာမှာ ချိတ်ပြီး သုံးနိုင်ပါပြီ။