တွအကြောင်း တင်ပြပေးချင်ပါတယ်။
၁။ Yarlung Zangbo
ဒီချောက်ကြီးကတော့ ကမ္ဘာပေါ်မှာ အနက်ဆုံးချောက်ဖြစ်ပြီး အနက်မီတာပေါင်း ၆၀၀၀ ကျော် ရှိပါတယ်။ တိဗက်ဒေသမှာတည်ရှိပြီး အမေရိကန်နိုင်ငံမှာ ရှိတဲ့ Grand Canyon ချောက်ထက် ပိုမိုရှည်လျားပါတယ်။ တိဗက်နာမည်ဖြစ်ပြီး ယားလွန်ကျောင့်ဖူလို့ ခေါ်ဝေါ်ကြပါတယ်။ ဒီချောက်ကြီး ဟာ ဟိမ၀န္တာတောင်တန်းတွေရဲ့ မြောက်ဘက်တစ်စိတ်တစ်ဒေသလည်းဖြစ်ပါတယ်။
၂။ Canon Del Colca
ကန်နွန်ဒဲလ်ကိုကာချောက် (Canon Del Colca) ကတော့ တောင်အမေရိကတိုက် ၊ ပီရူးနိုင်ငံမှာ တည်ရှိပါတယ်။ အနက်မီတာ ၃၅၀၀ ကျော်ရှိပါတယ်။ ဒီချောက်ကြီးဟာ ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်တစားလာရောက်ကြတဲ့ ပီရူးနိုင်ငံရဲ့ တတိယမြောက် ခရီးသွားဒေသလည်းဖြစ်ပါတယ်။ ကိုကာတောင်ကြားဒေသမှာ ကိုလိုနီအငွေ့အသက်တွေကျန်ရှိနေတဲ့ မြို့ငယ်လေးတွေကိုလည်း တွေ့ရမှာဖြစ်ပြီး သာယာလှပတဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။
၃။ Cotahuasi Canyon
ဒီချောက်ကလည်း ပီရူးနိုင်ငံမှာပဲ တည်ရှိတာဖြစ်ပါတယ်။ ပီရူးနိုင်ငံ ၊ အာရီကယူးပါးမြို့အနီးမှာ တည်ရှိပါတယ်။ အနက်မီတာပေါင်း ၃၃၀၀ ကျော်ရှိပါတယ်။ ချောက်ရဲ့ အောက်ခြေမှာ ကွန်တာဟူဆီမြစ်က စီဆင်းနေပါတယ်။
၎။ Grand Canyon
Grand Canyon ချောက်ကတော့ အမေရိကန်နိုင်ငံရဲ့ နာမည်ကြီးနေရာတစ်ခုဖြစ်ပါတယ်။ ချောက်အနက်မီတာ ၂၀၀၀ နီးပါးရှိပါတယ်။ အမေရိကန်နိုင်ငံ ၊ အာရီဇိုးနားပြည်နယ်မှာ တည်ရှိပြီး အော