သောကပေးချင်သူများ

kozawlay(33)
Published in
#poem
Words
27
Reading
1 min
Listen
Play
8y

dcfd8d210c6303c68b48ae8490c675d1.jpg

လူဆိုသည်မှာ ကွေးသောလက်
မဆန့်မှီ ဆန့်သောလက် မကွေးမှီ
သေဆုံးသွားနိုင်သည်
အချိန်မရွေးသေနိုင်ပါသည်။
သေခြင်းတရားးသည် လက်တစ်ကမ်းမှာ
ရှိနေသောအရာဖြစ်သည်
အချိန်မရွေး ကိုယ့်အလှည့်ဖြစ်နိုင်သည်
ဘယ်အရာတွေကို ဒေါသထွက်နေမှာလဲ
ဘာတွေကို လောဘတက်နေမှာလဲ
ဘယ်သူ့ကိုကော မကျေမနပ်ဖြစ်နေမှာလဲ
ဘာလို့ သူများကို လက်ညှီုးထိုးချင်နေတာလဲ
ကိုယ့်အတွက် ကိုယ်တောင် မသေချာတာ
ူသူများအတွက် ကိုယ်ကဘာလို့ သောကပေးချင်တာလဲ

သောကပေးချင်သူများ | Ecency