မဆုံးလေပြေ

Words
180
Reading
1 min
9y
Listen to this post
~1 min

image
မြတ်ဗုဒ္ဓသည် ကာမဂုဏ်နှင့်ပါတ်လာလျှင် သတိအကြိမ်ကြိမ်ပေးခဲ့ဖူးပါသည်။ သတိအကြိမ်ကြိမ် အခါခါပေးခဲ့ပေမဲ့လည်း သတိမထားကြသောလူတွေသည် ကာမဂုဏ်၏ အရသာကို တင်းတိမ်အားရခြင်း မရှိခဲ့ပါ။ ထို့ကြောင့် ထိုကာမတရားနှင့်ပင် အဆုံးထား၍ သေလွန်ကြရပြန်တော့သည်။
မြတ်ဗုဒ္ဓသည် -
"မိမိဦးခေါင်းအပေါ်၌ မီးလောင်နေသည်ရှိသော် သူတစ်ပါးသည် မီးငြိမ်းအောင် ပြုလုပ်နိုင်မည်နည်း။ အိုခြင်းသဘောတရား သေခြင်းသဘောတရား ကိုယ်နှင့်မကွာ အစဉ်အမြဲပါနေသည်ကို ထိုအိုခြင်း သေခြင်းမှလွတ်ကင်းအောင်သာလျှင် အားထုပ်သင့်ပေသည်။ ဟုမန့်ကြားတော်မူခဲ့ပါပေသည်။
အမျိုးမျိုးအတန်တန် မှာကြားခဲ့သော်လည်း သတိမြဲမြဲမမှတ်ကြပဲ ကာမဂုဏ် အမျိုးမျိုးတို့၌ မှားယွင်းကြကုန်သည်။ကာမဂုဏ်၏ အရသာခံစားနေသူသည် ကာမဂုဏ်၏အမှားများကို မမြင်နိုင်ပါ။ ကာမဂုဏ်နောက်ကိုသာ လိုက်ပါနေကြသည်။ ကာမဂုဏ်ကြောင့် ဒုက္ခဆင်းရဲ အမျိုးမျိုး ခံစားနေရပေမဲ့လည်း ကာမဂုဏ်ကို ရွံမုန်းသွားသည်ဟူ၍မရှိပါ။
ထို့ကြောင့်
၁။ သန်လျက်သွား
၂။ မွေဦးခေါင်း
၃။ မြက်မှိုက်မီး
၎။ ကောက်ရိုးမီး
၅။ ခွေးငတ်လျှာရည်
၆။ အသားမကပ်သောအရိုးဆက်
၇။ မီးဖုတ်ထားသောသံခဲတွေ
၈။ သစ်သီး
၉။ အမဲသားတစ်
၁၀။ အိမ်မက်
၁၁။ အငှားပစ္စည်း များဟူ၍ ဥပမာမျာူပေးထားတော်မူခဲ့ပါသည်။
တစ်ခဏမျှသာ ခံစားရ အတည်အမြဲမရှိကြသော ဆင်းရဲတာများ ပင်ပန်းတောများလှသော ကာမဂုဏ်ကို ခွေးငတ်များလို ခံတွင်းမှာထွက်တဲ့ လျှာရေစက်နှင့် တစ်ချိန်လုံး လျှက်နေပေမဲ့လည်ူ ဝလည်းမဝနိုင်ပါ။ အားလည်းမရနိုင်ပါ။
လူသားတွေစဉ်းစားသင့်သည်က
"ကာမဂုဏ်စည်းစိမ်သည် ခါးစပ်ပူလောင်သည်။ မြတ်ဗုဒ္ဓ၏သာသနာတော်သည် ခါးစပ်ပူလောင်ခြင်းမရှိ"
"နိဗ္ဗာန်တရားတြော်မတ်သည် မြတ်ဗုဒ္ဓ၏ သာသနာတော်တွင် ထင်ထင်ရှားရှား ရှိနေတော်မူပါသည်"
"ကာမဂုဏ်သည် မီးများလို ပူလောင်လွန်းလှပါသည် နိဗ္ဗာန်၏ တရားတော်လို မအေးမြပေ"
"သတ်ဖြတ်ညှဉ်းဆဲခြင်းကင်းတာ နိဗ္ဗာန်ဖြစ်ပါသည် သတ်ဖြတ်ညှာဉ်းဆဲခြင်းမကင်းတာသည် ကာမဂုဏ်ပင်ဖြစ်ပါသည်"
"ကာမဂုဏ်ကိုမစွန့်လျှင် ပူလောင်စေပါတယ် စွန့်လွှတ်သောသူသည် ငြိမ်းချမ်း၏"
"ကာမဂုဏ်သည် တစ်ခဏမျှသာ ချမ်းသာ၏ ထာဝရအမြဲချမ်းသာသည် ဟူ၍မရှိပါ"
"ကာမဂုဏ်ချမ်းသာသည် ကောင်းမွန်သည်ဟုထင်ရပါတယ် တစ်ခဏမျှချမ်းသာသော ကာမဂုဏ်ကို စွန့်လွှတ်သင့်ပါသည်" ဆိုသော အကြောင်းအရာများကို နှလုံးသွင်း ပွာူများသင့်ပါသည်။
လူသတ် ရန်သူ့လက်ချက်ဖြင့် သေဆုံးရခြင်းသည် အကြိမ်အရေအတွက်ဘမများလှပေ။ ကာမဂုဏ်လက်ချက်ဖြင့် သေဆုံးခဲ့ရသော ဘဝပေါင်းသည် ရေတွက်၍ပင် ကုန်ဆုံးနိုင်တော့မည် မဟုတ်ပါ။ ကျွန်န်ုပ်တို့သည် မွေ့လျော်သောစိတ်ရှိသော နိဗ္ဗာန်ကိုလိုချင်ရပါမည်။ နတ်စည်းစိမ် လူ့စည်းစိမ် ကာမဂုဏ်များသည် မလိုချင်အောင်နေရမည်။ ကာမဂုဏ်တရားဟူသည် ဘယ်အရာမျှမတည်မြဲနိုင်ပါ။ မြဲသည့်သဘောတရားလည်းမရှိပါ။ နတ်ကာမဂုဏ်တရား မဆိုထားလေနှင့် လူ့ကာမဂုဏ်တရားတွေပင် ပြောဖွယ်ရပင်မရှိတော့ပေ။
ကာမဂုဏ်၏နောက် လိုက်ပါခဲ့ရသည့်ဘဝကို ပြန်တွေးကြည့်ပါ ပုံစံအမျိုးမျိုး ဘဝအဖုံဖုံနှင့် လိုက်ပါခဲ့ရပါသည်။ သားကြောင့်တစ်မျိုး သမီးကြောင့်တစ်ထွေ လင်ကြောင့်တစ်ဖုံ ဇနီးကြောင့်တစ်သွယ်နဲ့ ဒုက္ခပင်လယ် ဝေခဲ့ရတာလည်း များပြားလွန်းလှခဲ့ပါသည်။
စုစည်းခံစားရသော ကာမဂုဏ်ကြောင့် များမြောင်လှတဲ့ ဒုက္ခဆင်းရဲမှုတွေ ရရှိကြရသည်ဆိုတာကို အကြောင်းအကျိုးပြောပြစရာ လိုမည်မထင်တော့ပါ။
ထို့ကြောင့်
"နိဗ္ဗာန်ကို လိုလားပါ
ကာမဂုဏ်ကို ပယ်သတ်ပါ
အပါယ်တံခါးကို ပိတ်ထားပါ"
မှတ်ချတ်။ တောင်ကလေးဆရာတော်၏ တရားတော်များအား ကျွန်တော်မောင်ဝင်းထွန်း ရေးသား၍ပူဇော်ထားပါသည်။
MSC 086

မဆုံးလေပြေ | Ecency