သူမဟန်ပန်

kotuntun(43)
Published in
#busy
Words
49
Reading
1 min
Listen
Play
8y

Girl_0.jpg

သူဟာ အင်္ကျီအဝတ်အစား ဝတ်ဆင်တဲ့အခါ အနက်ရောင်ကို သိပ်ကြိုက်ပါတယ်။ သူ့ရဲ့ ဖြူဝင်းတဲ့ အသားအရည်နဲ့လည်း သိပ်လိုက်ပါသည်
သူ့မှာ အင်္ကျီ ၁၀ ထည်ရှိရင် ခုနှစ် ထည်လောက်က အနက်ရောင်ဖြစ်မယ် လို့တောင် ထင်မိပါလေသည်
သူ့ဝတ်စားဆင်ယင်ပုံတွေဟာ နောက်ပိုင်းမှာ ပိုပြီး ပျော့ပြောင်းလာပါတယ်။ ခေတ်အလိုက်မို့ ဘောင်းဘီတွေလည်း မပွတော့ဘူးပေါ့
သူဟာ လက်သည်းနီ သပ်သပ်ရပ်ရပ်ဆိုးပြီး သူနှစ်သက်တဲ့ လက်ပတ်ဟန်းချိန်းလေးတွေ လှလှပပဝတ်ဆင်နေရင်း
အိမ်ကိုစနစ်တကျ ထိန်းသိမ်းနေရင်း၊ သားလေးကိုလည်း ပြုစုပျိုးထောင်နေရင်း၊ ချက်ပြုတ်ရှင်းလင်းတာလည်း မပျက်၊
မိတ်ဆွေအပေါင်းအသင်းတွေကို ဖိတ်ခေါ်ကျွေးမွေး၊ အွန်လိုင်းရော အော့ဖ်လိုင်းမှာပါ လူမှုရေးတွေလည်း ဝတ္တရားကျေနေရင်းက
သူ့ရဲ့ ဝါသနာတွေကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်သူတစ်ဦး ဖြစ်ပါတယ်။