ဘ၀ဆိုသည်မှာ တစ်ပါးသူက လာရောက် လုပ်ဆောင်ပေးနေရသောအရာတစ်ခ
မဟုတ်ပါဘူးကိုယ့်ဘ၀ ကိုယ်သာလျှင် တာဝန်ယူကြရပါတယ် ကိုယ့်ဘ၀ ကိုယ်သာပိုင်ပါတယ်
ဒါဆိုရင် ပါတ်ဝန်းကျင်ကို ဂရုစိုက်နေရတယ် ဆိုသော စကားသည် အလဟသ ဖြစ်လေရော့သလား
တကယ်ကို သူတစ်ပါးအား ဂရုစိုက်နေရခြင်းသည် အလွန် ဆိုးဝါးသော အလုပ်တစ်ခုဖြစ်သည်။
တစ်ခုခု လုပ်မည်ဆိုလျှင် သူတစ်ပါး မျက်နှာကြည့်နေရခြင်း သူတို့ကြိုက်ပါ့မလား ငါ့ကို အပြစ်ပြောလေမလား
ဒီလိုတွေးနေရင်းကဘဲ ဘာမှ မလုပ်ဖြစ်တော့သော အခြေအနေသို့တိုင် ဖြစ်ရသည်။
ကိုယ်လုပ်တာက ကိုယ့်အတွက် ဆိုတာ မှန်သည် ကိုယ်လုပ်တာကို ကိုယ်တော့ကြိုက်မည်သာဖြစ်သည်။
သူတစ်ပါးကြိုက်ပါ့မလားဆိုပြီးတော့ တွေးနေပြီး မကြိုက်လောက်ပါဘူး ငါလုပ်လိုက်လို့ သူတို့က အပြစ်ပြော
နေပါ့မယ် သူတို့အပြောလွတ်အောင် နေမှပါ ဆိုပြီး တော့ ကောင်းမွန်သော လုပ်ဆောင်ချက်ဖြစ်ပါသော်လည်း
အများ မျက်နှာ နှင့် အများသဘောကို ကြည့်နေရသည့်အတွက် မလုပ်ဆောင်လိုက်ရသော အလုပ်တို့သည်
လည်း များစွာရှိနေသည်။ တကယ်ပါ ကိုယ့်ဘ၀က ကိုယ်နဲ့သာ သက်ဆိုင်တာပါ သူ့အလုပ်သူလုပ်ပြီး ကိုယ့်
အလုပ်ကိုယ်လုပ်နေကြရတာသာဖြစ်လေသည်။ ဘယ်သူမှ ကိုယ့်အလုပ်ကို လာလုပ်ပေးနေသည်မဟုတ်ပါ
သေချာပြန်တွေးကြည့်ပါ ကိုယ့်အတွက်သာ ကိုယ်လုပ်ဆောင်နေကြရပါသည်။ ကိုယ်အလုပ်ကိုယ်လုပ်နေပြီဆိုကာမှ
သူတစ်ပါးရဲ့ အထင်အမြင်ကို အလေးထားနေရင်တော့ ထိုအလုပ်သည် ကိုယ့်အလုပ်လုပ်နေသည်မဟုတ်တော့ပါဘူး
သူတစ်ပါးစိတ်နဲ့ ကိုယ့်ကိုကိုယ်လို့တောင် ပြောရတော့မယ.်လေ။
သင့်သဘောထားကို သင့်ရဲ့ ပါတ်ဝန်းကျငက် မဖန်တီးနိုင်ကြပါဘူး ကိုယ့်သဘောထားသည်သာ ကိုယ့်ကိုဖန်တီးပေးနေ
တာပါ။ ကိုယ်လုပ်နေတဲ့ အလုပ်ကလည်း ကိုယ့်သဘောထားကို မပြောင်းလဲပေးနိုင်ပါဘူး ကိုယ့်မိဘဆွေမျိုးအသိုင်းအ၀ိုင်း
များကလည်း လာရောက်မဖန်တီးပေးနိုင်ပါဘူး မပြောင်းလဲပေးနိုင်ပါဘူး ကိုယ့်သဘောသာ ကိုယ်နှင့်အတူဖြစ်ပါတယ်
ကိုယ်က ပါတ်ဝန်းကျင်ကို ဘယ်လို မြင်သလဲ ပါတ်ဝန်းကျင်ကို ဘယ်လို တုန့်ပြန်သလဲဆိုတာက ကိုယ်နဲ့သာဆိုင်ပါတယ်
အကောင်းမြင်တဲ့အခါ ရှိမည်ဖြစ်သလို အဆိုးမြင်မိသောအခါတွေလည်း ရှိနိုင်ပါတယ်ကိုယ့်သဘောအတိုင်းသာဖြစ်ပါတယ်
အမြဲတမ်းတော့အ ဆိုးတွေချည့်ဘဲမြင်နေမှာ မဟုတ်သလို အကောင်းတွေချည့်လည်း မြင်နေမှာတော့မဟုတ်ပါဘူး
ကောင်းတစ်လှည့် ဆိုးတစ်လှည့်မြင်နေမှာ သဘာဝပါဘဲ
အဆိုးတွေကို မြင်နေတယ် ဆိုရင် တော့ အဆိုးတွေက အမြဲတမ်းနေရာယူနေလို့ ဖြစ်ပါတယ် အကောင်းတွေဘဲမြင်နေရင်တော့
သင့်ဘ၀ကလည်း အကောင်းတွေနဲ့ လှည့်လည်နေရမှာဖြစ်ပါတယ် တွေးကြောက်တဲ့ စိတ်ကလည်း အဆိုးအကောင်းမြင်
စိတ်ကနေလာတာပါဘဲ စီးပွားတွေပျက်သွားမလား အလုပ်တွေပျက်သွားမလား သူများတွေနဲ့ ပေါင်းသင်းဆက်ဆံေ၇း ပြေလည်
ပါ့မလား ငါ့ကိုလူတွေ အကောင်းမြင်ကြပါ့မလား ဒါတွေကို အမြဲတွေးပူနေရတယ် ဆိုရင်တော့ သေချာပါပြီ သင့်မှာ မကောင်းမြင်
စိုးရိမ်စိတ်တွေများနေပြီ သူတစ်ပါးစိတ်နဲ့ ကိုယ်နေထိုင်နေရပါပြီ။ သင်မပျော်မရွှင်ဖြစ်နေပါပြီ
ဒီလိုအတွေးတွေကို ဆက်တိုက်တွေးနေမိသည့်အတွက် အနှေးနဲ့အမြန်ဆိုသလိုပါဘဲ ကိုယ်တွေးစိတ်ပူနေသောအရာတွေသည်
တန်းစီပြီးဖြစ်လာတက်ပါသည်။ စိတ်ကို စေ့ဆော်နေမိခြင်းသာဖြစ်ပါလေသည်။
အကောင်းစိတ်လေးတွေ အကောင်းမြင်စိတ်လေးတွေ အမြဲမွေးမြူနိုင်အောင် လေ့ကျင်နေထိုင်သင့်ကြပါလေသည်။
@kotuntun
photo-google image