Tale

Words
273
Reading
2 min
Listen
Play
9y

PicsArt_02-22-12.42.15.jpg
တစ်ခါတုန်းက သားတော်မရှိဘဲ သမီးတော်တစ်ပါးပဲ ရှိတဲ့ ဘုရင်ကြီးတစ်ပါးရှိသတဲ့။
ဘုရင်ကြီးက အသက်အရွယ်ကြီးလာလို့ သမီးတော်ကို ကြင်ယာ ရှာပေးပြီး ထီးနန်းလွှဲပေးဖို့ စိတ်ကူးရသတဲ့။
ကြင်ယာရွေးဖို့ စဉ်းစားတာက ထူးထူးဆန်းဆန်းဗျ။
လူသာမန်တွေ လောဘ၊ဒေါသ၊မောဟ များပြီး ပညာနည်းတယ်။ဒါကြောင့် သူ ကိုးကွယ် တဲ့ သူတော်စင
်တွေထဲက တစ်ပါးပါးကို လူထွက်ခိုင်းပြီး သမီးတော်ရဲ့ ကြင်ယာအဖြစ်ထားဖို့ စဉ်းစားတာ။
ဒီတော့ သမက်တော် ရွေးချယ်ရေးအဖွဲ့အဖြစ် အမတ် တစ်သိုက်ကို သူတော်စင်တွေနေတဲ့ ကျောင်းသင်္ခန်း ကို စေလွှတ်လိုက်တယ်။
အမတ်တစ်သိုက်လည်း ကျောင်းသင်္ခန်း ကိုရောက်တဲ့ အခါ ဝါအကြီးဆုံးသူတော်စင် ကစပြီး ဒီအကြောင်းကို လျှောက်ထားကြသတဲ့။
သူတော်စင်တွေ က တစ်ပါးပြီးတစ်ပါး ငြင်းပယ်ကြသတဲ့။နောက်ဆုံး ဝါအငယ်ဆုံး သူတော်စင် က လက်ခံလိုက်လို့ အမတ်တွေလည်း တာဝန်ကျေပြီဆိုပြီး ဝမ်းသာအားရ ဘုရင်ကြီးကို ပြန်လျှောက်ကြတာ
ပေါ့။
ဘုရင်ကြီးကိုယ်တိုင်ကလည်း ငါ့ဆန္ဒတော့ပြည့်ပြီ။
နောက်နေ့မနက်မှာ သူတော်စင် ကို လူထွက် ခိုင်းပြီးအတီးအမှုတ် အဆောင်အယောင် နဲ့ သမက် တော် အဖြစ် သမီးတော်နဲ့ ထိမ်းမြားမယ် ပေါ့ဗျာ။
ဇာတ်လမ်းက ခုမှ စတာဗျ။
တခြားသူတော်စင်တွေ က ဘုရင့်သမီးအချောအလှ ကို ယူပြီး ဘုရင် လုပ်ရမယ့် ကိစ္စ ကို ခါးခါးသီးသီး ငြင်းပြီး ဒီသူတော်စင် ကျ မှ ဘာလို့ အားရဝမ်းသာ
လက်ခံ ရသတဲ့တုန်း။ ရုပ်ရှင် တွေထဲကလို Play back နဲ့ နောက်ကြောင်းပြန်ကြတာပေါ့။
သမက်တော် ရှာဖို့ အမတ်တစ်သိုက် ကျောင်းသင်္ခန်းကို လာတဲ့အချိန်မှာ ရဲမက်တစ်စု ကလည်း သူခိုး လိုက်ဖမ်းရင်း ကျောင်းကို ရောက်လာကြသတဲ့။
ကျောင်းနားကျမှ သူခိုး က ခြေရာပျောက်သွားသကိုး။ပျောက်မှာပေါ့ သူခိုး က လည်း လွတ်ဖို့ လမ်းမမြင်တော့ သူတော်စင်တွေ ဝါစဉ်အလိုက်ထိုင်နေတဲ့ နောက်ဆုံးမှာ ခပ်တည်တည် ဝင်ရောနေတာကိုး။
အမတ်တွေမြင်စကတော့ သူခိုးက နည်းနည်းတော့ လန့်နေတာပေါ့။ငါ့များ လာဖမ်းကြသလားပေါ့လေ။
သူတော်စင် တွေ ကို လျှောက်နေတာကြားပြီး တစ်ပါးချင်း ငြင်းလို့ သု့ဆီနောက်ဆုံးရောက်လာတော့ အားရဝမ်းသာ လက်ခံလိုက်တာပေါ့။ ခိုးစားလို့
ရဲမက်လိုက်တာလည်း မခံရတော့တဲ့အပြင် ဘုရင့်သမီးရပြီး ဘုရင်တောင်ဖြစ်အုံးမှာ ငါလိုလူ ဇမ္ဗူ မှာ ရှိသေးလာလို့ စိတ်ထဲက တွေးနေတာပေါ့။
ဇာတ်ရှိန်က ခုမှ တက်လာပြီ။
အမတ်တွေလည်း ပြန်သွားကြပြီ။သူလည်း အားရ
ဝမ်းသာနဲ့ မနက်ဖြန်ကို ကြိုတွေးပြီးပျော်နေပြီ။
ဒါပေမယ့် ပညာဓာတ်ခံရှိတဲ့ သူခိုးက စဉ်းစားသတဲ့။ ဒီသူတော်စင် တွေဟာ ဘုရင့်သမီးရပြီး ဘုရင်ဖြစ်မယ့် အခွင့်အရေးကိုတောင် စွန့်လွတ်နိုင်ရအောင် သူတို့ကျင့်နေတဲ့ တရားက ဘယ်လောက်ကောင်းနေလို့လဲပေါ့။ ဝါအကြီးဆုံး သူတော်စင်ကြီးကို အရှင်တို့ကျင့်တဲ့ တရားကို သင်ပေးပါလို့ လျှောက်ပြီး တရားကို စိတ်ပါလက်ပါ အားထုတ်သတဲ့။အဲဒီ ညမှာ တင် သူဟာ တရားကို သိမြင်သွားသတဲ့။
မနက်မိုးသောက်လို့ အဆောင်အယောင်အခမ်းအနား တွေ နဲ့ သမတ်တော် ပင့်ဆောင်ရေး အဖွဲ့တွေ ရောက်လာတဲ့အခါ သူကပြောသတဲ့။
အချင်းတို့ ငါဟာ မနေ့က အတုဖြစ်လို့ သင်တို့ကိစ္စကို လက်ခံခြင်းဖြစ်တယ်။ဒီနေ့ငါဟာ အစစ်ဖြစ်သွားပြီ။သင်တို့ကိစ္စကို လက်မနိုင်တော့ပါ။တကယ်တော့ ငါ ဟာ သူခိုး တစ်ယောက်ပါ။မနေ့ကအထိ ငါ့အပြစ်ကို ဝန်မခံရဲပါ။ဒီနေ့ ဝန်ခံရဲပြီ သင်တို့ အလိုအတိုင်း
ဆောင်ရွက်ပါ တဲ့။ အမတ်တွေလည်း မမျှော်လင့်တဲ့အခြေအနေကြောင့် ဘာလုပ်ရမှန်းမသိဘဲ ဘုရင်ကြီး ကို ပြန်လျှောက်ရတာပေါ့။ဘုရင်ကြီး က အပြစ်မယူပဲ သူတော်စင်အဖြစ် လက်ခံလိုက်တယ်တဲ့။
ကျနော်တို့ ဘဝမှာ ကျနော်တို့တွေ အတုပေါင်းများစွာနဲ့ ကျော်ဖြတ်နေကြတဲ့ နေ့ရက်တွေ ရှိနေကြမှာပါပဲ။
ဒါပေမယ့် အစစ်ဖြစ်တဲ့ တစ်နေ့ကို ရောက်အောင် မလုပ်နိုင်ခဲ့ရင် ဘဝ ကို တန်ဖိုးမဲ့စေမှာ အမှန်ပါပဲ။
ပုံပြင်ထဲမှာတော့ အတု နဲ့ အစစ် တစ်ညပဲကွာချင်ကွာ မယ်ပေါ့။ကျနော်တို့ လက်ရှိ ဘဝ မှာတော့ တစ်ည ရချင်မှ ရမှာပေါ့ဗျာ။ဘာပဲဖြစ်ဖြစ် အတု က အစစ် ဖြစ် အောင် ကြိုးစားဖို့ ဘာတွေလိုအပ်သလဲ ဒီပုံပြင်က
ပေးထားပါတယ်။
ဘာတွေ ပေးထားသလဲ ဆိုတာတော့ ကိုယ့်ဘာသာ ရှာကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။
အတု ဖြစ်နေခဲ့သူများ အစစ် ဖြစ်နိုင်ကြပါစေ။

Tale | Ecency