ပွဲတော်

Words
72
Reading
1 min
9y
Listen to this post
~1 min

လာတိုမာတီနာပွဲတော် (La Tomatina)
လာတိုမာတီနာပွဲတော်ကို စပိန်နိုင်ငံ ၊ ဗလန်စီယာပြည်နယ် ၊ ဘူနိုမြို့မှာ ကျင်းပလေ့ရှိပါတယ်။ ပွဲတော်အတွင်းမှာ တစ်ဦးနဲ့ တစ်ဦး ခရမ်းချဉ်သီးတွေနဲ့ ပစ်ပေါက်ကြတာဖြစ်ပြီး ခရမ်းချဉ်သီးနဲ့ တိုက်ခိုက်ကာ ပျော်ရွင်စွာဆော့ကစားကြတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။ ဆီတွေသုပ်လိမ်းထားတဲ့ လူအုပ်ကြီးနဲ့ ပွဲတော်ကို အစပြုလေ့ရှိပြီး အတွဲလိုက်လည်း ပါဝင်ကြလေ့ရှိပါတယ်။ ပွဲတော်ကျင်းပတဲ့ ရက်ကတော့ သြဂုတ်လ ၃၀ ရက်နေ့ ဖြစ်ပါတယ်။
image
လွိုင်ကသုန်ပွဲတော် (Loi Krathong)
ဒီပွဲတော်ကတော့ တိုင်လူမျိုးတွေရဲ့ ယဉ်ကျေးမှုတစ်ခုဖြစ်ပါတယ်။ မြစ်ထဲကို ဖောင်တွေမျှောပြီး ရေနတ်မင်းကို ပူဇော်ကြတာလည်းဖြစ်ပါတယ်။ရေထဲမျှောလိုက်တဲ့ ဖောင်တွေမှာ ဖယောင်းတိုင် ၊ အမွှေးတိုင်နဲ့ ပန်းတို့ ပါဝင်ပါတယ်။ ဆန်ရိတ်သိမ်းချိန်မှာ ကောင်းမွန်တဲ့ အခြေအနေရှိနေစေဖို့ ဒီလိုပွဲတော်ပြုလုပ်ကာ ရေနတ်မင်းကို ပူဇော်ကြတာဖြစ်ပြီး ရေညစ်ညမ်းမှုတွေအတွက်လည်း တောင်းပန်မှုတွေ ပြုလုပ်တာဖြစ်တယ်လို့သိရပါတယ်။ ဒီပွဲတော်ကို ထိုင်းနိုင်ငံ အပြင် လာအို ၊ မြန်မာ ၊ မလေးရှားနဲ့ တရုတ်နိုင်ငံတို့မှာလည်း ပြုလုပ်လေ့ရှိပါတယ်။ ပွဲတော်ကို ထိုင်းပြက္ခဒိန် ၁၂ လမြောက်လရဲ့ လပြည့်နေ့မှာ ကျင်းပပြုလုပ်လေ့ရှိပါတယ်။

ပွဲတော် | Ecency