အဆက်မပြတ်ရွာသွန်းသော
မိုးရေတွေ လေပြေတွေ ကိုယ့်စိတ်ကို
ဆွေးဆွေးမြေ့မြေ့ အငွေ့သက်တွေပြန်ပေါ်
လာအောင်နှိုးထလိုက်သလိုပါပဲလား ။
သူငယ်ချင်းတို့ရေ
ကိုယ်ကအလွမ်းဓာတ်ခံလေးရှိနေတော့
လွမ်းရပြီဆိုပါတော့ …
ဒီအချိန်ဆို ကျွန်တော်တို့ရွာအဝင်လမ်းလေးဟာ
ရွှံ့ဗွတ်တွေအစီအရီပေါ့ ။ဒီအချိန်ဆိုကျွန်တော်တို့
တောသူတောင်သားတွေ ခေါင်းခမောက်လေး
ကိုယ်စီနဲ့ ယာတောထဲဆင်းရပြီလေ ။
ဒီအချိန်ဆို အိမ်ကကျေးဇူးရှင် သူရဲကောင်း
နွားကြီးနှစ်ကောင်လည်း ရွှံ့နွံတွေထဲ
ရုန်းကန်နေပြီလေ ။
( အင်း မဆီမဆိုင် ရွာအလွမ်းများနဲ့ပေါ့ ) ။
စာတစ်ပုဒ် ကောင်းကောင်းရေးနိုင်ဖို့
မိုးကိုပဲ တိတ်ခိုင်းရမလား ။ ကိုယ်ကပဲ
ဆက်ကွေးနေရမှာလားဆိုတာ
အဖြေရှာမရတော့ပါ ။
ဒီလိုနဲ့ပဲ ကျွန်တော်အရမ်းကြိုက်တဲ့
သီချင်းတစ်ပုဒ် နားထောင်ဖြစ်လိုက်တယ် ။
ကိုဆောင်းဦးလှိုင် ရဲ့
' မိုးခါးရေ ' ဆိုတဲ့ သီချင်းလေးပေါ့ ။
တစ်ချို့လည်း နားထောင်ဖူးလိမ့်မယ်လို့
ထင်ပါတယ် ။ သီချင်းက တိုတောင်းပေမယ့်
အဓိပ္ပါယ်ပြည့်ဝစွာရှိလွန်းပါတယ် ။
" တကယ်ဆိုရင် လူ့ဘဝ
တိုတောင်းလွန်းလှပါတယ် စာနာစိတ်များ
နည်းပါးမသွားစေနဲ့ ။ မာန်မာနများ
ရန်ငြိုးများမရှိစေနဲ့ ။ လောကသစ္စာ အမှန်ဆိုတာ
ငုပ်လျှိုးလည်းခဏယုံကြည်ရာဆီအပြုံးမပျက်စွာ
ဘယ်သူတွေတရားပျက်ပျက် ကိုယ်မပျက်နဲ့ကွာ
မသောက်ဘူး မိုးခါးရေများ "
ကိုဆောင်းရဲ့သီချင်းထဲက ကျွန်တော်
ကြိုက်သော အဓိက စာသားများပေါ့ဗျာ ။
ဟုတ်ပါတယ် ကျွန်တော်တို့အားလုံးရဲ့
ဘဝတွေဟာ အရမ်းကိုတိုတောင်းလွန်းပါတယ်
မျက်စိတမှိတ် တဒင်္ဂအချိန်လေးတွေအတွင်းမှာ
ပြောင်းလဲမှုများစွာ ရှိနေတဲ့အရာတွေ
ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင်မှာ
အစဉ်အမြဲဖြစ်ပေါ်နေတယ်ဆိုတာ
ကျွန်တော်တို့အားလုံး သတိထားပြုမှုသင့်ပါ
တယ် ( လက်ခံသင့်ပါတယ် ) ။
ဒီလိုဆို ကျွန်တော်တို့ရရှိပိုင်ဆိုင်ထားတဲ့
ဘဝတွေအတွက် အကျိုးအကြောင်းညီညွတ်စွာ
ဘာတွေလုပ်ဆောင်သွားကြမလည်း
ဘယ်လိုအတွေးခေါ်စိတ်ကူးမျိုးတွေနဲ့
ကျင့်ကြံတည်ဆောက်ကြမလည်း ။
တကယ်တော့
ကျွန်တော်တို့အားလုံးရဲ့ ဘဝတွေဟာ
အကြောင်းရာမျိုးစုံ ခေါင်းစဉ်တွေမျိုးစုံနဲ့
အလုပ်တွေလုပ်နေကြရတာပါ ။
ကိုယ်စီကိုယ်စီအတွေးထဲမှာ
မျှော်လင့်ချက်ပေါင်းမျိုးစုံနဲ့
အသက်ရှင်နေရတာကိုက
ဘဝတွေပဲလို့ ထင်မြင်မိပါတယ် ။
တစ်ဦးနဲ့တစ်ဦး စာနာစိတ်တွေနည်းပါးသွားရင်
လူ့အသိုင်းဝိုင်းကြီးဟာ ရုပ်ဆိုးအကြည်းတန်
လာမှာပါ ။ တစ်ဦးနဲ့တစ်ဦးမာန်မာနတွေ
ရန်ငြိုးတွေများလာရင် လည်း
ကမ္ဘာမြေကြီးဟာ မီးခိုးမီးတောက်တွေ
တလူလူနဲ့ စစ်ပွဲတွေဖေါ်ဆောင်လာမှာပဲလေ ။
ဒီတော့ ကျွန်တော်ရှေ့ကပြောဆိုခဲ့တဲ့
' မိုးခါးရေ ' ဆိုတဲ့ သီချင်းစာသားများရဲ့
အဓိပ္ပါယ်ဖွင့်ဆိုမှုအတိုင်း
တစ်ဦးနဲ့တစ်ဦး စာနာစိတ်တွေပြည့်ဝစွာ
မာန်မာနရန်ငြိုးတွေမရှိခြင်းများစွာနဲ့
ကောင်းမွန်သော ကိုယ်ကျင့်တရားများနှင့်
ဘဝမှာ…
' မိုးခါးရေ ' တွေ မသောက်သုံးကြပါနဲ့လို့ …
" မစိုပြေသော မိုးခါးရေတွေအတွက်
ပျော်ဝင်နေသော နှလုံးသားတွေ
အဆိပ်သင့်လေပြီလား ။
ငါ ဆိုသော တေးသွားတွေသည်
ဖေးဖေးမမ ရှိခဲ့လေတော့
ရွာနေသော မိုးခါးရေတွေ
ချုပ်ငြိမ်းရစေသား "
အားလုံးကို လေးစားလျှက် …
ညီညီထွန်း
မိုးစက်
written by @ konyinyitun
MSC.259