တခြားသူတွေကိုလည်းကူညီပေးပါ။

konyi(55)
Published in
#myanmar
Words
107
Reading
1 min
9y
Listen to this post
~1 min

image
တချိန်တုံးက ချန်ကာလို့အမည်ရှိတဲ့ ကောင်းလေးတစ်ယောက်ရှိခဲ့ပါတယ်၊ သူကတော့ ဆင်းရဲ့တဲ့မိသားစုထဲကပါ၊ တစ်နေ့၌ သူသစ်တွေကိုယူဆောင်ပြီးတော့ တောထဲသို့သွားခဲ့ပါတယ်။ လမ်းထက်မှာ သူက အရမ်းဗိုက်ဆာနေတဲ့ အဖိုးအိုတစ်ယောက်ကိုတွေ့ခဲ့ပါတယ်၊ ချန်ကာကတော့ အဲဒီအဖိုးအိုကို အစားအသောက်တွေပေးချင်ခဲ့ပါတယ်၊ သို့သော် သူမှာတောင် စားစရာတွေမပါလာဘူး၊ ဒါနဲ့ ခရီးကိုသူဆက်လျှောက်ခဲ့ပါတယ်၊ နောက်ထပ်လည်း သူသွားလမ်းမှာ အရမ်းရေဆာနေတဲ့သမင်တစ်ကောင်ကိုတွေ့ပါတယ်၊ ဒီလို့ဘဲ သမင်ကို ရေပေးချင်သော်လည်း သူမှာ သောက်ဖို့တောင် ရေမပါလာဘူး၊
image
ဆက်လက်ပြီး သူ့ခရီးကို လျှောက်ခဲ့ပါတယ်၊ နောက်ထပ်လည်း ရုပ်ထုထွင်းလုပ်ချင်နေတဲ့ လူတစ်ယောက်ကိုတွေ့ခဲ့ပါတယ်တဲ့ ဒါပေမဲ့ သူမှာ သစ်သားတွေအများအပြားမပါလာဘူး၊ ဒါနဲ့ သူရဲ့အခက်ခဲတွေကို မေးပြီးတော့ သစ်သားနည်းနည်းပေးခဲ့ပါတယ်တဲ့။ နောက်ပြီး ကောင်းလေး ပြန်တဲ့အချိန်မှာ အေးဒီလူက အစားအစာနည်းနည်း နဲ့ ရေပေးခဲ့ပါတယ်၊ ဒါနဲ့ ကောင်းလေးက အထမဆုံးတွေ့ခဲ့တဲ့ ဗိုက်ဆာနေတဲ့ အဖိုးဆီကို သွားပြီးတော့ အစားသောက်တွေပေးခဲ့ပါတယ်၊ ရေဆာနေတဲ့သမင်းကိုလည်းဘဲ ရေပေးခဲ့တယ်၊ အဖိုးနှင့် သမင်းတို့က အရမ်းပျော်ရွှင်ခဲ့ကြပါတယ်တဲ့။
image
ချန်ကာလဲ့ သူ့ရဲ့ခရီးကိုဆက်လျှောက်ခဲ့ပါတယ်၊ တစ်နေ့တော့ ချန်ကာ တောင်ပေါ်ကနေပြုတ်ကျခဲ့ပါတယ်၊ အဲဒီမှာဘဲ သူကဒုက္ခရောက်နေခဲ့ပါတယ်၊ သူကိုယ်တိုင်းလည်းဘဲ မသွားနိုင်ဘူး၊ ကူညီပေးမဲ့သူလည်မရှိကြဘူး၊ ဒါပေမဲ့ အရင်ကသူကူညီပေးခဲ့တဲ့ အဖိုးအိုက သူဒုက္ခရောက်နေတာကိုတွေ့ခဲ့ပါတယ်၊ အဖိုးအိုမြန်မြန်သူဆီကို လာပြီး သူကို တောင်ပေါ်သို့ဆွဲတင်ပါတယ်တဲ့၊ ချန်ကာရဲ့ခြေထောက်မှာ ဒဏ်ရာတွေအများကြီးရှိခဲ့ပါတယ်၊
image
ဒါအပြင် ချန်ကာရေပေးခဲ့တဲ့သမင်က ချန်ကာခြေမှာဒဏ်တွေကိုတွေ့ခဲ့ပြီး၊ မြန်မြန်ဆန်ဆန် တောထဲသို့သွားပြီး ဆေးရွက်တွေ့ကို သွားရောက်ရှာဖွေခဲ့ပါတယ်၊ ခဏအကြာမှာတော့ ချန်ကာရဲ့ ဒဏ်ရာတွေသက်သာလာခဲ့ပါတယ်တဲ့၊ အားကုန်လုံးပျော်ပျော်ရွှင်ရွှင်ရှိခဲ့ကြပြီးတော့၊ တစ်ယောက်ကို တစ်ယောက်အကောင်းဆုံးကူညီပေးနိုင်ခဲ့ပါတယ်၊ ဆိုလိုရင်းကတော့.. ကျွန်တော်တို့တခြားသူတွေကိုကူညီပေးမဲ့ဆိုရင် သူတို့ကလည်းဘဲ ကျွန်တော်တို့ကို ကူညီလာမှာအမှန်ပင်တည်၊။
written by Konyi
photo from google
Msc 037

တခြားသူတွေကိုလည်းကူညီပေးပါ။ | Ecency