The day of death

konyi(55)
Published in
#awaiting
Words
97
Reading
1 min
Listen
Play
9y

456835-skeleton-funny.jpg
သတ္တဝါအားလုံးဟာဧကန်မုချ သေချာပေါက် သေကြရပါမယ်၊ ဘာလို့လဲဆိုတော့ အသက်ရှင်သန်ခြင်းဟာ သေခြင်းတရားမှာ ဆုံးသတ်လို့ပါပဲ။ သတ္တဝါတိုင်း တစ်ချိန်ချိန်မှာ သေချာပေါက် သေကြရပါမယ်၊ ဘယ်သူမှ မသေချင်ပါဘူးဆုလို့ မရပါဘူး၊ ငါ့မှာ ပစ္စည်းဥစ္စာတွေ ချမ်းသာတယ်၊ သေမင်းကိုလက်ဆောင်ထိုးပြီးတော့ မသေအောင် လုပ်မယ်လို့လည်း ဘယ်သူမှမရပါဘူး၊ သေမှာက သေမှာချည်းပါပဲ။
အိုးလုပ်သမားရဲ့ အိုးတွေဟာ ကွဲခြင်းမှာပဲ အဆုံးသတ်ရသလိုပဲ၊ အိုးလုပ်သမားလုပ်ထားတဲ့အိုးတွေ၊ မီးမဖုတ်ရသေးတဲ့ အိုးတွေ၊ မီးဖုတ်ပြီးသားဖြစ်တဲ့ အိုးအကျက်တွေ၊ အစိမ်းအကျက် အိုးအမျိုးမျိုး ကြီးကြီးငယ်ငယ်၊ ရွယ်ရွယ်လတ်လတ်၊ အရွယ်စုံ၊ ဆိုဒ်စုံ၊ အိုးမှန်သမျှ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဘာနဲ့ အဆုံးသတ်ရလဲဆိုရင် ကွဲခြင်းနဲ့ပဲ အဆုံးသတ်ရတယ်၊ ဘယ်တော့မှ မကွဲတဲ့အိုးဆိုတာ မရှိဘူး၊ အိုးမှန်ရင် တစ်နေ့မှာ ကွဲကိုကွဲရပါတယ်၊။ အိုးလုပ်သမား လုပ်လိုက်တဲ့ အစိမ်းအကျက်၊ အကြီး၊ အငယ် အရွယ်မျိုးစုံသော အိုးမှန်သမျှ ကွဲခြင်းမှပဲ အဆုံးသတ်ရသလိုပဲ ဖြစ်လာတဲ့ သတ္တဝါမှန်သမျှ သေခြင်းတရားမှာပဲ အဆုံးသတ်ကြရပါတယ်။ ဒါကြောင့်မို့ သတ္တဝါမှန်သမျှ ဟာ သေကြရတာချည်းပဲ။
images (1).jpg
ရှင်ခြင်းဟာ သေခြင်းမှာပဲ အဆုံးသတ်တယ်ဆိုတော့ သေပြီး ပြီးရောလားလို့ မေးစရာရှိတယ်။ ဘဝဆိုတာ ပုခက်နဲ့ အခေါင်းကြားပါပဲလို့ ယူဆတာမျိုးရှိတာ ကိုး။ ဒီတော့ သေပြီးသွားရင် ပြီးရောလား၊ သေပြီးရင် အဆုံးသတ်ရောလား ဆိုတော့ အဆုံးမသတ်သေးပါဘူးတဲ့။
ကောင်းကျိုးဆိုးကျိုး အမျိုးမျိုးသို့ တိုးလျိုးကပ်ဝင်ကြရကုန်သည်ဖြစ်ရဲ့၊ သတ္တဝါအားလုံးတို့သည် မိမိတို့ ပြုထားခဲ့တဲ့ ကံအားလျော်စွာ၊ သံသရာခရီးကို ဆက်ပြီးတော့ သွားကြရပါသေးတယ်။

The day of death | Ecency