ဆင်ပြောင်ကြီးသည် စစ်မြေပြင်၌ လေးမှ ကျံရောက်လာသော မြားကို မတုန်မလှုပ် ခံနိုင်သကဲ့သို့ ငါဘုရားသည် ကျူးလွန်စော်ကား ပြောဆိုသော စကားကို သည်းခံပေအံ့။ လောကီ ဘုံသား လူအများသည် သီလ မရှိကြကုန်သာတည်း။ ယဉ်ကျေးပြီးသော ဆင်မြင်းစသည်ကိုသာ လူစုဝေးရာပွဲသဘင်သို့ဆောင်ယူကုန်၏။ ယဉ်ကျေးပြီးသော ဆင်မြင်းစသည်ကိုသာ မင်းသည်စီး၏၊ ကျူးလွန်စော်ကား ပြောသောစကားကို သည်ခံနိုင်သောသူသည် ယဉ်ကျေးပြီးဖြစ်ရဲ့ လူတို့တွင် အမြတ်ဆုံးဖြစ်ပေ၏။
ထိုင်းမှိုင်းငိုက်မျဉ်းစွာ အိပ်လျက် အစားကြီးကာ ကျွေးမွေးထားသော ဝက်ကြီးကဲ့သို့ တလူးလူး တလည်းလည်း အိပ်လေ့ရှိသော ပညာနုံ့ညံ့သူသည် ဝိပသနာ မရှု့ပွားနိုင်သောကြောင့် အဖန်တလဲလဲ အမိဝမ်း၌ ပဋိသန္ဓေ နေရပေ၏။ အီစိတ်သည် ရှေးအခါက လိုရာအာရုံကို လိုက်စားလျက်အလိုရှိတိုင်း ကောင်းနိုးရာရာလှည့်လည်ကျက်စားခဲ့လေပြီ။ ချွန်းကိုင်သော ဆင်ထိန်းသည် အမုန်ယစ်သောဆင်ကို နိုပ်နင်းဘိသကဲ့သို့ ငါသည် ယခု ထိုစိတ်ကို သင့်တင့်စွာ နှလုံးသွင်းခြင်းဖြင့် နှိမ်နင်းပေအံ့။
မမေ့မလျော့ခြင်း၌ မွေ့လျော်ကြကုန်လော့။ မိမိစိတ်ကိုစောက်ရှောက်ကြကုန်လော့၊ ရွှံ့ညွန်၌ ကျွံနစ်သောဆင်သည် မိမိကိုယ်ကိုရွှံ့ညွန်မှ ထုတ်သကဲ့သို့ သင်တို့သည် ကိလေသာညွန်မှ မိမိကိုယ်ကို ထုတ်နုတ်ကြကုန်လော့။ ပညာရင့်ကျက်ရဲ့ ကောင်းစွာနေထိုင်လေ့ရှိပြီး တည်ကြည်သည့် ပညာရှိသော အတူကျင့်ဖော် အဆွေခင်ပွန်းကို အကယ်ရဲ့ ရခဲ့ပါမှု ထိုအဆွေခင်ပွန်းနှင့် အတူတကွ ဘေးရန်းအားလုံးတို့ကို နှိပ်နင်းလျက် ဝမ်းမြောက်ဝမ်းသာ သတိရှိစွာ ကျင့်ရာ၏။
ပညာရင့်ကျက်ရဲ့ ကောင်းစွာနေထိုင်လေ့ရှိပြီး တည်ကြည်သည့် ပညာရှိသော အတူကျင့်ဖော် အဆွေခင်ပွန်းကို အကယ်ရဲ့ မရခဲ့ပါမှု မင်းသည် နိုင်ပြီးသော တိုင်းပြည်ကို ပြန်စွန့်ခွာထွက်သကဲ့သို့လည်းကောင်း၊ မာတင်္ဂဆင်မင်းသည် တော၌ တစ်ကောင်တည်း လှည့်လည်သကဲ့သို့ လည်းကောင်း တစ်ယောက်တည်းပင် ကျင့်ရာ၏။