မုသာဝါဒ၏ အပြစ်

konyi(55)
Published in
#fib
Words
77
Reading
1 min
Listen
Play
9y

jet_0.jpg
အဓိကတော့ အကုသိုလ်ဆိုတာ ဘယ်ဟာကိုဘဲလုပ်လုပ် အပြစ်ဖြစ်တာဘဲ သို့သော် ကျွန်တော် သတိမထားပြီးလွယ်လွယ်လုပ်လေ့ရှိကြတဲ့ အကုသိုလ်တစ်ခုပေါ့ဗျာ၊ ပြောရမယ်ဆိုရင်ဗျာ၊ မုသားမပြောဖူးတဲ့သူဆိုတာရှားရှားပါ သို့သော် ဒီမုသားပြောတာက တကယ်ကို အပြစ်ကြီးပါတယ်၊ မုသာဝါဒ ကို မြတ်စွာဘုရားက ဘယ်လောက်အထိ ရှောင်ကြည်စေချင်သလဲဆိုရင်…
download (8).jpg
တစ်ခုသော သစ္စာတရား တရားကို လွန်ပြီးတော့ လိမ်ညာကြတဲ့ ပုဂ္ဂိုလ်တွေ မလုပ်နိုင်တဲ့ အကုသိုလ်ဆိုတာ မရှိဘုးတဲ့။ လိမ်ရဲတဲ့ ပုဂ္ဂိုလ် မလုပ်ရဲတဲ့ အကုသိုလ်ဆိုတာ မရှိဘူးလို့ ဆိုလိုတာပါ။ နောက်ပြီး ဝိတိဏ္ဏပရလောကသ- တမလွန်လောကကို ခေါင်းထဲကို မထည့်တဲ့ နောက်ဘဝကို ဘယ်လိုမှကို မစဉ်းတဲ့ ပုဂ္ဂိုလ်မျိုးမှာလည်းပဲ မလုပ်နိုင်တဲ့ အကုသိုလ်ဆိုတာ မရှိဘူးတဲ့။
နှစ်မျိုးပြောတယ်နော်။ လိမ်ညာတဲ့ စကားကိုပြောဆိုကြတဲ့ ပုဂ္ဂိုလ်တွေ၊ တမလွန်လောက ခေါင်းထဲမထည့်ကြတဲ့ ပုဂ္ဂိုလ်တွေ၊ မလုပ်နိုင်တဲ့ အကုသိုလ်ဆိုတာ မရှိဘူးတဲ့။ မုသာဝါဒရဲ့ ကြီးမားတဲ့ အပြစ်အနာအဆာကို ကျွန်တော်တို့ သတိထားမယ်ဆိုလို့ရှိရင် သစ္စာတရားရဲ့ စွမ်းရည်သတ္တိကလည်း တစ်ဖက်က ပေါ်လွင် ထင်ရှားလာစရာ အကြောင်းရှိတယ်၊ သစ္စာဟာ ကောင်းမွန်သလောက် မုသားဟာ ဆိုဝါးလှတယ်ဆိုတာကို ပြောချင်တာပါ။
MSC 037
writer Konyi

မုသာဝါဒ၏ အပြစ် | Ecency