ခေါ်ရင်လာမှာပါ

Words
68
Reading
1 min
Listen
Play
9y

h_53118694-e1500933936708.jpg
ကမ္ဘာပေါ်တွင် လူမျိုးအသီးသီးရှိကြသည်၊ လူမျိုးတိုင်းသည် ကြောက်တရားမှ လွတ်မြောက်ရန်အတွက် အားကိုးရာ ရှာသည့်အနေဖြင့် ဘာသာတရားတစ်ခုခုကို ယုံကြည်ကိုးကွယ် ကြ၏။
လူအများစုက လက်ခံကိုးကွယ်ကြသော ဘာသာများမှာ ဟိန္ဒုဘာသာ၊ ဂျုးဘာသာ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယန်ဘာသာ၊ အစ္စလာမ်ဘာသာတို့ဖြစ်ကြပါသည်။ ကမ္ဘာပေါ်တွင် ပထမဦးဆုံး ပေါ်ပေါက်ခဲ့သည့်ဘာသာ မှာ ဟိန္ဒုဘာသာဖြစ်၏။ ဒုတိယဂျူးဘာသာ၊ တတိယဗုဒ္ဓဘာသာ၊ စတုတ္ထခရစ်ယန်ဘာသာ၊ ပဉ္စမအစ္စလာမ်ဘာသာတို့ အသီးသီးပေါ်ထွန်းခဲ့ပါသည်။ အစ္စရေးလူမျိုးများ ကိုးကွယ်သော ဘာသာကို ဂျူးဘာသာခေါ်သလို တစ်နေ့မှာ ဗမာလူမျိုးများ ကိုးကွယ်သောဘာသာကို ဗုဒ္ဓလာသာခေါ်သည်မဖြစ်ရအောင် တွေးတောလုပ်တတ်ရန် အချိန်ရောက်နေပါပြီ။
Buddhist-monk-teaching-novi.jpg
ယနေ့ မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာကိုးကွယ်သူ ( ၇၃) ရာခိုင်နှုန်း၊ ခရစ်ယန်ဘာသာကိုးကွယ်သူ (၆) ရာခိုင်းနှုန်း၊ ရိုးရာနတ်ကိုးကွယ်သူ (၁၂) ရာခိုင်နှုန်းရှိပါသည်၊ အဘယ်ကြောင့် ရိုးရာကိုးကွယ်သူ့တို့ကို ဗုဒ္ဓဘာသာဘုန်းကြီးများက လျစ်လျူရုနေကြရပါသနည်း၊ ကျွှန်တော်မတွေးတတ်ပါ။ ဘုရားရှင်ရှိစဉ်အခါက ဘုရားရှင်ကိုလျှောက်ထားပြီး ပြုပြင်သင့်တာတွေကို ပြုပြင်နိုင်ပါသည်။ ဘုရားမရှိသည့်မှောက်ကာလတွင် သံဃာတော်များ ညိုနှုင်းတိုင်ပင်ပြီး သာသနာတော် ရေရှည်တည်တံ့ခိုင်မြဲရေး၊ စည်ပင်ပြန့်ပွားတိုးတက်ရေးတို့ကို ရှေးရုလျက် ဘာသာအကျိုးအတွက် စဉ်းစားဆောင်ရွက်ရန်လိုနေပါပြီး။

ခေါ်ရင်လာမှာပါ | Ecency