မြတ်ဆရာ ၁

konlon(50)
Published in
#steemit
Words
78
Reading
1 min
Listen
Play
8y

ဆရာဟူသည် လူသားတို့ ၏ ဘဝအလင်းရောင်ကို ထွန်းညှိပေးနိုင်သော မီးရှုးတန်ဆောင်ပင်ဖြစ်သည်။ ပညာဆီမီ မှန်သမျှကို ထွန်းညှိပေးနိုင်သူ အနန္တ ဂိုဏ်းဝင်ဖြစ်ပါသည်။ အသိပညာ အတက်ပညာတို့ ကို နည်းစနစ်မှန်ကန်စွာ သင်ကြားပြသနိုင်၍လည်း ဆရာမပြ နည်းမကျ ဟူသော စကားပုံ ဖြစ်ပေါ်လာရခြင်းဖြစ်သည်။
ဆရာဟု ဆိုရာ ၌ သင်ဆရာ မြင်ဆရာ ကြားဆရာ အားလုံးကို ဆိုလိုသည်။

konlon. .1.jpg

ဆရာတို့ သည် စေတနာ ဝါသနာ အနစ်နာ ဟူသော
နာသုံးနာနှင့် ပြည့်စုံအောင် ကျင့်ကြံနေထိုင်ကြသူများ လည်း
ဖြစ်ပါသည်။တစ်နည်းအားဖြင့် ဆရာ ဟူသည် ဆုံးမ ပဲ့ပြင်သူ ပို့ ချ လမ်းညွှန်သူ သင်ပြသူဖြစ်ရာ "ဆရာ မပြ နည်းမကျ" နိုင်သည်မှာမှာမူ အမှန်ပင်ဖြစ်သည်။ ဆရာ ဟူသည် အသိပညာ အတက်ပညာတို့ ကို့  နှံစပ် ကျွမ်းကျင်စွာ ပို့ ချ အပ်သူ ဖြစ်ပြီး ဆရာတို့ ၏ အရိပ်ကို ခိုလှုံ လျှင် ချမ်းမြေ့ မှုကို ရစေသည် ဟု ဆိုလိုရင်း ဖြစ်သည်။

မြတ်ဆရာ ၁ | Ecency