Game

Words
68
Reading
1 min
Listen
Play
8y

အင်း...
အရင်နေ့ရက်လေးတွေမှာပေါ့ ပျင်းပျင်းရှိတာနဲ့ အလုပ်လေးအားသွားလိုက် super8ballလေးထိုးလိုက်နဲ့ပေါ့။ အမှန်က ဂိမ်းဆော့တာ ကောင်းတဲ့အလုပ်တစ်ခုတော့မဟုတ်ပါဘူး။ မျက်လုံးမြန်မြန်ကန်းမှာမလို့ မကောင်းတာဖြစ်သလို ဂိမ်းဆော့လို့ ကိုယ့်အတွက် အကျိုးအမြတ်လည်း ဘယ်လောက်မှမဖြစ်ထွန်းလာနိုင်လို့ပါ။ အားတဲ့အချိန်ဆော့တယ်ဆိုပြန်တော့ အားတဲ့အချိန်က ညဘက်ဖြစ်လို့နေပြန်ပါတယ်။ ဂိမ်းဆော့ရင် ညဘက် တစ်နာရီ နှစ်နာရီထိုးနေပြီဆိုလည်း အရှိန်ရနေလို့ဆက်ဆော့နေရင် တော်တော်နဲ့မအိပ်ဖြစ်ပါဘူး။ အိပ်ရေးပျက်တယ် အလုပ်ကိုအာရုံစိုက်မှုလျော့ရတယ်ပေါ့ဗျာ။ အိပ်ရေးမဝတော့ နေ့ခင်းဘက် မှိုင်တိမှိုင်တိုင်တွေဖြစ်နေရတယ်မဟုတ်လား။
8ball Gameဆော့လို့ရတဲ့ shareဆိုတာကလည်း sbdမဖြစ်စလောက်လေးပဲပြန်ရတာပါ။ အချိန်ကုန် လူပမ်းဆိုတာ ဒီလိုဂိမ်းဆော့တဲ့သူတွေကိုပြောတာဖြစ်မယ်ထင်ပါတယ်။
ဘာပဲဖြစ် errorတက်ရင်လည်း ကိုယ့်ထဲက coinsတွေလျော့နည်းသွားတက်တဲ့ ဒီဂိမ်း...
ကျနော်မဆော့တော့ပါဘူး..အပြီးတိုင် uninstallလုပ်လိုက်ပါပြီ။ အဲ့ဒီဂိမ်းဆော့လို့ sbdများများရမယ်ဆိုရင်လည်း သတင်းလေးပေးကြပါအုံးလို့ပြောကြားရင်း ဒီတစ်နေ့စာ postလေးတစ်ခုရသွားပြန်ပါပြီဗျာ။

ဖတ်ရှုပေးသူ အပေါင်း ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာကြပါစေခင်ဗျာ။


ပြန်အမ်းတာ ရခဲ့တဲ့ပုံစံပါ👆👆👆


Wheel လှည့် ကံကောင်းခဲ့ချိန်ပါ😁😁

50k,coin errorတက်လို့ ထပ်ကုန်သွားတော့...အချိန်မစောင့်ပေးလို့ဆိုပြီး ပြန်မရခဲ့ပါဘူး။
50k နှစ်ကြိမ်မှာ တစ်ကြိမ်ပဲပြန်ရခဲ့ပါတယ်။

Game | Ecency