Toyota

Words
83
Reading
1 min
8y
Listen to this post
~1 min

Toyota
ဒီကားလေးကတော့ လီဘာနင်းလို့ရတယ် rpm 2600 ဘဲတက်ပါတယ် အပြစ်ကတော့ scamtool နဲ့စစ်ဆေးကြည့်တာ thorttle motor error လို့ပြနေပါတယ်။
လေတံခါးတစ်ခုလုံး ဖွင်ကြည့်တာ မော်တာ ပင်နီယံသွားလေးတွေ ပျက်နေလို့ ဂျပန်ကျ တစ်လုံးမှာလိုက်ပါတယ်။အဆင်မပြေရင် အခက်အခဲဖြစ်နေမှာစိုးလို့ ဆိုင်ရှင်ကို အကျိုးအကြောင်းပြောပြပီ အပိုတစ်လုံးမှာ ခိုင်းလိုက်ပါတယ်။သုံးရက်လောက်စောင့်တော့ ရောက်လာပါတယ်။ရောက်လာတဲ့ နှစ်လုံးစလုံး အဆင်မပြေပါဘူး ရောက်လာတဲ့ဟာတွေကလဲ ပင်နီယံအသွားတွေ ပျက်နေပါတယ် ကားမှာတောင် တပ်မစမ်တော့ဘဲ နောက်ထပ် နှစ်လုံးပြန်မှာ ခိုင်းလိုက်ပါတယ်။နောက် ၃ ရက်ကြာတော့ ထပ်ရောက်လာပါတယ် ဆိုင်မှာသွားယူပီ စစ်ဆေးလိုက်တာ နှစ်လုံးစလုံး လိုချင်တဲ့အတိုင်းရလာပါတယ်။ ဒါနဲ့ အကောင်းဆုံး အလုံးကို ရွေးပီးကားမှာ တပ်စမ်းကြည့်ပါတယ် မော်တာကတော့ အလုပ်လုပ်ပါတယ် ဒါပေမဲ့ ကားကမကောင်းသေးပါဘူး ။စက်နဲ့ ပြန်ထိုးစစ်တော့လဲ အရင်အတိုင်း လေတံခါး ပျက်နေသေးတယ်လို့ ညွန်းထားပါတယ် စဉ်းစားရတာ တော်တော် ပင်ပန်းပါတယ်။ ဝါယာမီးကြိုးတွေ စစ်ဆေးကြည့်တော့လဲ အင်ဂျင်ကနေ ကွန်ပျူတာဘောက် ရောက်တဲ့အထိ အဆက်အသွယ် အားလုံးကောင်းပါတယ်။
ဆီကလဲ လိုအပ်တဲ့အတိုင်းအတာထိ ရောက်ပါတယ် လေလမ်းကြောင်း အဝင်တွေဘက်ကလဲ ကောင်းနေပါတယ်။မသင်္ကာစရာ တစ်ပိုင်းဘဲ ကျန်ပါတော့တယ် intake maniholtက ကောင်းကောင်း အလုပ် မလုပ်တာတွေ့ပါတွေ့ရပါတယ်။ MSU. 032

image image

Toyota | Ecency