Toyota.2

Words
134
Reading
1 min
Listen
Play
8y

Toyota .2
စဉ်းစားစရာတော့ ဖြစ်လာပီ ဒီဇယ်ကားဆိုတော့ကာ intake အပိုင်း ပိတ်တက်တာတော့ လက်ခံရမဲ့ အခြေအနေပါ။ ဒါနဲ့ ပိုင်ရှင်ကို အကြိုးအကြောင်း ပြောပြပီး intake အပိုင်းကို ဖြုတ်ဆေးဖို့ စီစဉ်ရပါတယ်။ဖြုတ်လိုက်တာတော့ အချိန်၂ နာရီနီးပါးလောက်ကြာပါတယ် အခြေအနေ ကြည့်ရတာတော့ intake ပိတ်နေတယ် ဆိုတဲ့အနေအထားတော့ မရောက်သေးဘူးပါဘူး။ဖြုတ်လက်စနဲ့ အားလုံးဖြုတ်ဆေးလိုက်ပါတယ် နောက်ထပ်အဲ့ဒီအပိုင်းကို ထည့်စဉ်းစားစရာ မလိုတော့ပါဘူး။
တစ်ခါတစ်လေ အလုပ်ကနေပြောပြလို့မရတဲ့ အတွေ့အကြုံအခက်အခဲတွေက မထင်မှတ်ထားတဲ့နေရာကနေ အမြဲပေါ်လာစမြဲမို့ အလုပ်လုပ်တဲ့အခါ အကန့်တစ်ခုခြင်းစီ သေသေချာချာ လုပ်ကိုင်ဆောင်ရွက်ဖို့ လိုပါတယ်။ဒါမှလဲ ဆုံဖြတ်ချက်ချတဲ့အခါ အမှားအယွင်း အတိမ်းအစောင်း နည်းလာမှာ ဖြစ်သလို ခေါင်းသုံးပီး စဉ်းစားရတဲ့ အပိုင်းတွေလျော့နည်းလာမှာ ဖြစ်ပါတယ်။ဒါမှလဲ အဖြေကောင်းတစ်ခုရရှိဖို့ အမှားအယွင်းနည်းဖို့ စေ့စပ်သေချာလာမှာ ဖြစ်ပါတယ်။intake ဖြုတ်ဆေးပီး စမ်းသပ်တဲ့အခါ အရင်ကထက် စက်သံပိုကောင်းလာပီတော့ စက်အပတ်ရေကတော့ ၂၅၀ လောက်ပိုတက်လာပါတယ်။အဖြကတော့ ဝေးနေဆဲပါဘဲ အဲဒါနဲ့ လေတံခါး ဆင်ဆာ မော်တာကို ပေးထားတဲ့ ဗို့လိုင်းကို ပြန်စစ်ဆေးပါတယ် ထူးခြားမူ့ တစ်ခု့တွေ့ရပါတယ် ။အရင်တိုင်းတဲ့အခါက ကြိုးခြောက်ပင်မှာ နှစ်ပင်က ဘက်ထရီ အနုတ် နှစ်ပင်က အပေါင်းဗို့ နှစ်ပင် အနုတ်ဗို့ အဲ့ဒီမှာ အနုတ်ဗို့တစ်ပင်က ၅ ဗို့ရောက်ရမဲ့နေရာမှာ ၁ဗို့ကျော်လောက်ရောက်လိုက် ၅ ဗို့အပြည့်ရောက်လိုက် ဖြစ်နေပါတယ်။ကားကိုစက်သတ်ပီး တိုင်းတာ ပြန်မှန်နေပါတယ် ဒါနဲ့ တစ်ယောက်ကို ခေါ်ပီးကြိုးကို လှုပ်ခိုင်းထားပါတယ် အဲ့ဒီအချိန်မှာ ဗို့က ပေါ်လိုက်ပျောက်လိုက် ဖြစ်လာပါတယ်။သေချာသွားပါပီ ကြိုးတစ်ပင် ကြိတ်ပြတ်နေတာပါ။ အရင်ဆုံး ဆော့ကဒ်ကို ဖြုတ်စစ်ဆေးပါတယ် ဂျေး မရှိပါဘူး အနာအဆာ မရှိပါဘူး။ကြိုးထုပ်ကို အစကနေအဆုံး ဖြေမှရတော့မယ်။
ကြိုးထုပ်ရဲ့ အလယ်နားလောက်မှာ ကြိုးကကြိုးစည်းကလစ်ရဲ့ ဒဏ်ကြောင့် နာပီဖြတ်နေတာပါ။ဖြုတ်ပီးပြန်တပ် စက်ပြန်နိုးလိုက်တာ အားလုံး အဆင်ပြေသွားပါတယ်။တစ်ခါတစ်လေ ဒီလိုပါဘဲ အဖြေက အနီးနားမှာရှိနေရက်နဲ့ ဆုံးဖြတ်ချက် မှားခဲ့တဲ့အခါ လွှဲချော်မူ့တွေနဲ့ မပီးဆုံးမူ့တွေနဲ့ ရင်ဆိုင်ရတက်ပါတယ်။ဒါကလဲ အလုပ်ကပေးတဲ့ သင်ခန်းစာ ပါဘဲ ဘဝရဲ့ တိုးတက်မူ့ လှေခါးထစ်လေးတွေပေါ့ ပင်ပန်းရကျိုးလဲ နပ်ပါတယ်။ MSU. 032
image image

Toyota.2 | Ecency