Slide door.2

Words
105
Reading
1 min
8y
Listen to this post
~1 min

Slide door.2
ဆရာရေ လုပ်ပါဦးကားကတော့ ဒီလိုဖြစ်နေတယ် ကျွန်တော် မောင်းလို့မရဲတော့ဘူး ကားကအင်္ဂမော်ရွာနားမှာ ရပ်ထားတယ်တဲ့ ဒါဆို စောင့်နေပါ ကျွန်တော် ထွက်လာခဲ့ပါ့မယ် လို့ပြောပီး လိုအပ်တာ တစ်ချို့ ပြင်ဆင်ပီး ထွက်လိုက်သွားခဲ့ပါတယ်။
ဟိုရောက်တော့ ဖြစ်တဲ့အကြောင်း အကုန်ပြောပြလို့တံခါးပေါက်တွေ ဖွင့်ကြည့်ပါတယ် ရှော့ဖြစ်တဲ့အပိုင်းက ဖွင့်လို့မရပါဘူး အပြင်တစ်ထပ် ခွာကြည့်တော့ တွေ့ပါပီ slide door control ရှော့ဖြစ်ပီး မီးလောင်ထားပာတယ် ။အဲ့ဒီအပိုင်းကို ပေးထားတဲ့ ပါဝါမီးလိုင်းကို ဖြတ်လိုက်ပါတယ်။ပီးတော့ကားကို စက်နိုးစမ်းကြည့်ပာတယ်။အဆင်ပြေတာနဲ့ ဟိုနားဒီနား ခပ်ကြမ်းကြမ်းလေး မောင်းစမ်းဖို့အတွက် ကားဆရာကို အနောက်ခန်းမှာ ထိုင်ခိုင်းပီး မီးသတ်ဆေးဗူးကို အဆင့်သင့်ဖြစ်အောင် ကိုင်ခိုင်းထားပါတယ်။ရှော့ဖြစ်ထားတဲ့ကားတွေက ဝါယာတွေဟာ မပြုပြင်သေးခင်မှာ အန္တရာယ် အရမ်းများပါတယ် ဖြစ်တဲ့အပိုင်းကို သိပေမဲ့ ဖြစ်တဲ့အကြောင်းအရင်းကို မသိရသေးတဲ့အတွက်ပါ နောက်တစ်ချက်က နောက်ထပ်ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူမှ အတိအကျ မပြောနိုင်လို့ပါ။ကားဆရာ အဆင်သင့်ဖြစ်တာနဲ့ မောင်းစမ်းကြည့်ပါတယ် အခြေအနေ အားလုံးကောင်းမွန်ပာတယ်။ကားဆရာ ဝပ်ရှော့ ပြန်ကြစို့လို့ပြောပီး ကားကိုပြန်မောင်းလာခဲ့ကြပာတယ်။အလုပ်ရုံကိုရောက်တော့ ပျက်နေတဲ့တံခါးကို ခက်ခက်ခဲခဲ ဖွင့်ခဲ့ရပာတယ် အပြစ်ကတော့ ဆလိုက်တံခားတွေမှာ အသူံးပြုထားတဲ့ ဝာယာကြိုး အရှည်က တံခါးဘောင်နဲ့ညှပ်ပီးတော့ ရှော့ဖြစ်ကာ ဆလိုက် ကွန်ထိုးဘူး လောင်သွားတာပါ။
လိုအပ်တဲ့ဝါယာလိုင်းတွေပြန်စစ်ဆေးပီး တံခါးလိုင်းကို ပေးထားတဲ့ ပါဝါလိုင်းကို ပြန်လည်ချိတ်ဆက်ကြည့်တာ အားလုံး အဆင်ပြေတဲ့အတွက် လောင်သွားတဲ့ဘူးကို ဆိုင်မှာ နမူနာပြပီး မှာခိုင်းရပာတယ် ဈေးကတော့ ၁သိန်း ကျော်ပါ နောက်တစ်ရက်ညနေ ပစ္စည်းရောက်တာနဲ့ တပ်စမ်းတာ အားလုံး အဆင်ပြေသွားပါပီ။ပရဟိတ နာရေးကားလေး ပြန်လည် အသက်ဝင်သွားပီမို့ သူ့တာဝန်သူထမ်းဆောင်ရန် အဆင်သင့် ဖြစ်သွားပါပီ။MSU. 032
image image image image

Slide door.2 | Ecency