Orchit

Words
77
Reading
1 min
8y
Listen to this post
~1 min

သစ်ခွပန်း
ကျွန်တော် အခုနေထိုင်ရာ မြိတ်မြို့မှာတော့ ပန်းပင်တွေတော်တော်များများကတော့ ရန်ကုန်နဲ့အခြား မြို့ကြီးတွေကနေ မှာယူရောင်းချကြပါတယ်။
မြိတ်မှာ ပန်းပင်စိုက်ရောင်းသူတွေလဲ ရှိကြပါတယ် ဝါသနာအရ အလှစိုက်တဲ့သူတွေလဲ ရှိကြပါတယ် ပန်းခြံအကြီးတွေကတော့ သိပ်မရှိပါဘူး အားလုံးပေါင်းမှ ၅ ခြံလာက်ဘဲရှိပါတယ်။တောဘက်မှာလဲ သိပ်မရှိကြပါဘူး အဓိက ဒီဘက်မှာတော့ ကွမ်းပင် ရာဘာပင် ဒူရင်းပင် ကြက်မောက်ပင် အများဆုံး စိုက်ပျိုးကြပါတယ်။ရာသီပေါ်သီးနှံတွေ စိုက်တယ်ဆိုပေမဲ့ ရာသီဥတုက တစ်ခြားနေရာနဲ့ မတူပါဘူး။မြေအခြေအနေက ကမ်းရိုးတန်းမြို့တော် ဖြစ်တဲ့အတွက် ပင်လယ်ရေငံ အမြဲရောက်ပါတယ်။နှစ်ရှည်ပင်ကြီးတွေကတော့ တောထူထပ်ပီးတောင်တွေပေါ်မှာဘဲ ခုတ်ထွင်ရှင်းလင်းပီး စိုက်ပျိုးကြပါတယ်။အခုနှစ်ပိုင်း အတွင်းမှာ ခေတ်စားတဲ့ သစ်မွေးပင်လဲ စိုက်ပျိုးကြပါတယ်။အခုချိန်ထိတော့ အောင်မြင်တဲ့ခြံကတော့ သိပ်မရှိသေးပါဘူး နည်းပညာ အားနည်းတဲ့အပိုင်လဲ ပါပါတယ်။
သဘာဝသစ်မွေးပင်ကတော့ တောတွေတောင်တွေထဲ မှာရှိပါတယ်။အပင်ကြီးတွေကတော့ သိပ်မရှိတော့ပါဘူး အပင်ငယ်တွေတော့ အများကြီး ရှိပါတယ် သဘာဝ အပင်တွေပေါ့။သစ်ခွပန်းကတော့ အိမ်မှာ အလှစိုက်တဲ့သူ နည်းနည်းများပါတယ် မေမြို့ပန်း ကတော့ ရာသီပန်း စိုက်တဲ့သူတွေရှိပါတယ်။ဒူရင်းပင်နဲ့ ကြက်မောက်ပင်ကတော့ သီးသန့်စိုက်သူတွေရှိကြပါတယ် အမျိုးအစားကတော့ မြန်မာမျိုးနဲ့ ထိုင်မျိုးဆိုပီး ရှိပါတယ်။ထိုင်းမျိုးကတော့ အလုံးလဲ လှပါတယ် အပင်ကလဲ ငယ်တယ် ဈေးကတော့ ကြီးပါတယ်။

   MSU.032

image image

Orchit | Ecency