Money.work2

Words
103
Reading
1 min
8y
Listen to this post
~1 min

ငွေနဲ့ အလုပ်(၂)
အလုပ်လုပ်တဲ့အခါ နေရာ အချိန် ရာသီဥတု လိုက်မရွေးဘဲ လုပ်တာနဲ့ ရွေးချယ်ပီးမှ လုပ်တာ ဘယ်ဟာကို ပိုပီးတော့ နှစ်သက်ကြလဲ။ အဖြေကတော့ ရှင်းပါတယ် ရာသီဥတုက သာယာချက် 9+ နေရာ လုံဝငြိမ့်ငြောင်းရမယ် အချိန်က မင်္ဂလာရှိသော အချိန်လို့ ဖြေကြပါလိမ့်မယ်။ဟုတ်ပါတယ် လူအတော်များများက သက်သက်သာသာနဲ့ မပင်ပန်းဘဲနဲ့ အိုးအိမ်မကွာဘဲ လုပ်ရတဲ့ အလုပ်ကို ပိုပီးတော့ သဘောကျကြပါတယ်။
ကျွန်တော်လဲ ဒီအထဲမှာ ပါပါတယ် ဒါပေမဲ့ အခြေအနေ အချိန်အခါအရ အကြောင်းကြောင်းကြောင့် ကျွန်တော်တို့ဘဝတွေဟာ အလုပ်ကို များသောအား ဖြင့်ရွေးချယ်ပိုင်ခွင့် သိပ်မရကြပါဘူး။လာအပ်တဲ့အလုပ်ကို မိမိတို့အတွက် ထိုက်တန်တဲ့ လုပ်အားငွေကြေးရရင် လုပ်ကြပါတယ်။တစ်ခါတစ်လေကြရင်လဲ ထင်ထားတာထက် ပိုပီးတော့ ရကြပါတယ် ဘာလို့လဲဆိုတော့ နေရာ အချိန် ရာသီဥတု စတဲ့အကြောင်းအရာက ဘယ်သူမှ မလုပ်နိုင်တဲ့အနေအထား တွေကြောင့်လဲ ပါပါတယ်။ဒါကလဲ လုပ်ငန်းသဘောအရ ပြိုင်ဆိုင်တိုက်ခိုက်မူ့ တစ်မျိုးပါဘဲ သူများ မလုပ်နိုင်တာကို ကိုယ်လုပ်နိုင်တဲ့အတွက် ငွေကြေး အကျိုးအမြတ်က ပိုရသလို ခက်ခဲတဲ့အလုပ် တွေအားလုံးဟာ ကိုယ့်အတွက်ပါဘဲ။နောက်တစ်ခုက မိမိကို အလုပ်လာအပ်သူရဲ့ ယုံကြည်အားကိုးမူ့ဟာ တန်ဖိုးအကြီးဆုံး ဆုတစ်ခုပါဘဲ။
သူတို့ရဲ့ စိတ်ထဲမှာ မိမိကို အလုပ်အပ်တာနဲ့ သေချာပေါက် လိုတဲ့ပုံစံ အနေအထား ပီးစီးမဲ့အချိန် အောင်မြင်နိုင်တဲ့စံနူန်း စသည်ဖြင့် အလုပ်လုပ်ရင် တိန်းစောင်းမူ့ဘဖြစ်ခဲ့ရင်တောင် အောင်မြင်နိုင်ခြေ ၉၀% ရှိပါတယ် လို့ယူဆရင် သေချာပါတယ် သင်ရွေးချယ်ထားတဲ့ အလုပ် သင်ရယူထားတဲ့ ယုံကြည်မူ့ အောင်မြင်မူ့တွေဟာ သင့်ဘဝရဲ့. တန်ဖိုးမဖြတ်နိုင်တဲ့ ရလဒ်တွေပါ။ MSU.032
image image

Money.work2 | Ecency