Money. Work

Words
77
Reading
1 min
8y
Listen to this post
~1 min

ငွေနဲ့ အလုပ်
လူတွေမှာမွေးကတည်းက ဆာလောင်မူ့တွေ အလိုမကျမူ့တွေ ပျော်ရွင်မူ့တွေ ဝမ်းနည်းပူဆွေခြင်းတို့ ဘဝကို စတင်ကြပါတယ်။ image image
မတူညီတဲ့အကြောင်းအရာလေးတွေတော့ ရှိကြပါတယ် ဒါကလဲ လျှောက်လှမ်းဖြတ်သန်းရတဲ့ ဘဝအခြေအနေကလဲ အများကြီးသက်ဆိုင်ပါတယ်။ဆင်းရဲတဲ့ ဘဝပိုင်ရှင်တွေကတော့ ဆာလောင်ခြင်း ငတ်မွတ်ခြင်း မျှော်လင့်ခြင်း တို့ဆိုတာ သူတို့အတွက် နေ့စဉ် ကြုံတွေ့နေရတဲ့အတွက် အဆန်းမဟုတ်တော့ပါဘူး။ဒါပေမဲ့ ဘယ်လိုအခက်အခဲဘဲရှိပါစေ ဖြေသိမ့်နိုင်စွမ်းကတော့ အင်မတန်ကောင်းပါတယ် အဆင်မပြေတာတွေများတဲ့ဘဝမှာ အဆင်မပြေမူ့တွေ့ အမြဲကုံနေရတော့ သူအလိုလို နေတက်သွားပါတယ်။ချမ်းသာတဲ့သူတွေကတော့ လိုတရဖြစ်တဲ့အတွက် သူတို့ဘဝကို မတောင်းမတ မကြောင်းမကြဘဲ ဖြတ်သန်းကြပါတယ်။သူတို့အတွက် ငတ်မွတ်ခြင်း ပင်ပန်းဆင်ရဲခြင်း ရောင့်ရဲတင့်တိန်နိုင်ခြင်းတို့ဆိုတာ အမှန်တိုင်းပြောရရင် စိတ်ကူးမပြောနဲ့ အိမ်မက်တောင် ထည့်မက်ဖူးသူတွေ မဟုတ်ကြပါဘူး။ပညာရှာသင်ယူတဲ့အခါမှာလဲကွဲပြားကြပါတယ်။ချမ်းသာတဲ့သူကတော့ မိမိကြိုက်တဲ ကျောင်းမှာ ကြိုက်တဲ့ဆရာ/ဆရာမ တို့နဲ့ စိတ်တိုင်းကျ ရွေးချယ် သင်ယူနိုင်ကြပါတယ်။ဆင်းရဲတဲ့သူတွေကြတော့ ပညာသင်ဖို့အတွက် ကျောင်းဝတ်စုံ မပြောနဲ့ စာအုပ်ဖိုးတောင် အနိုင်နိုင်ရယ်။ဈေးကြီးတဲ့ ခဲ့တံပေတံ ဗလာစာအုပ်တို့ ကို ကိုင်ပီး အများနည်းတူ ကျောင်းတက်ခြင်ကြပါတယ်။ဘဝပေးအခြေအနေက ထင်သလို ဖြစ်မလာတော့ ဖြစ်သလိုဘဲ ဘဝကိုဖြတ်သန်းကြရပါတယ်။
ငွေရှာတဲ့နေရာမှာဘဲ ကွဲပြားခြားနာကြပါတယ်ငွေရှိတဲ့သူကတော့ ငွေအင်အား လူ အင်အား စသည်ဖြင့် သူများတွေထက် လုပ်ပိုင်ခွင့် ပိုများပါတယ်။ MSU.032