Money and work.9

Words
100
Reading
1 min
8y
Listen to this post
~1 min

ငွေနဲ့ အလုပ်(၉)
ဒီနေ့လုပ်ပေးတဲ့ကားလေးကတော့ korea poter 3 ကားလေးပါ အပြစ်ကတော့ စက်နိုးရ ကြာတဲ့ အပြစ်ပါ။ပိုင်ရှင်ကတော့ ဒီကိုလာတာ စက်နိုးမရလို့ တွန်းနိုးပီးလာရတယ်လို့ပြောပါတယ်။
ကျွန်တော်လဲ ကားကို စက်စမ်းနိုးကြည့်ပါတယ် အခုဘဲ ရပ်လိုက်တဲ့ကားက ဘက်ထရီအား ကုန်ခါနီးမှ ထနိုးပါတယ်။နိုးသွားရင် ကြိုက်သလောက်ခရီးကို မနားတမ်းစိတ်ကြိုက်မောင်းလို့ရပါတယ်။ကျန်တာ ဘာမှမဖြစ်ပါဘူးတဲ့ အဆွဲအရူန်းလဲ ကောင်းပါတယ် ဆီလဲ မစားပါဘူး စက်သံလဲ အားလုံးမှန်ပါတယ် ချက်မီးလဲ မလင်းပါဘူးတဲ့။အရင်ဆုံး ကားဒီလို ဖြစ်ပီးမှ ဘာတွေလုပ်ထားလဲ မေးတော့ ဘာမှမလုပ်ထားပါဘူး ဖြစ်တာတော့ ၄ ရက်လောက်ရှိပါပီတဲ့ ကြားမှာဆီတွေ ပြတ်ထားဘူးလား မေးတော့ ဟုတ် အရင်ကတော့ နှစ်ခါလောက် ဖြစ်ဘူးပါတယ် အခု မပျက်ခင် အချိန်ထိတော့ ထပ်မဖြစ်တော့ပါဘူးတဲ့။ဒါဆိုရင်တော့ စဉ်းစားရမဲ့အပိုင်က နည်းနည်းများနေပီ အရင်ဆုံး ဖြစ်နိုင်ခြေကို အပိုင်းခွဲရတော့မယ်။ဘက်ထရီ အားဝပ်နေလား သိရအောင် ကောင်လေးကို ဆိုင်မှာ အရံထားထားတဲ့ ဟာ ယူလာပီး ချိတ်ခိုင်းလိုက်ပါတယ် စက်နိုးကြည့်တယ် အရင်တိုင်းဘဲ ထူးခြားမူ့မရှိပါဘူး။
မော်တာ အပတ်ရေ မပြည့်လို့လား စမ်ကြည့်ရတော့မယ် gasoline လို့ခေါ်တဲ့ ဓာတ်ဆီအင်ဂျင်တွေက စက်နိုးချိန်မှာ စက်အပတ်ရေ ၁၅၀ ဝန်းကျင်ဆို နိုးပါတယ် ။ diesel အင်ဂျင်တွေမှာက ၂၀၀ ကနေ ၂၅၀ ကြားဆိုရပါတယ်။စက်နိုးသွားရင်တော့ gasoline က ၆၀၀ ၆၅၀ ၇၀၀ ကြားမှာပုံမှန်အားဖြင့် ရှိကြပါတယ်။diesel ကတော့ ၇၀၀ ၇၅၀ ၈၀၀ ကြားမှာရှိပါတယ်။

   MSU.032

image image

Money and work.9 | Ecency