Money and work.8

Words
118
Reading
1 min
8y
Listen to this post
~1 min

ငွေနဲ့ အလုပ်(၈)
ဘာဘဲပြောပြော အခြေအနေအရ ကျွန်တော်တို့ဘက်က အားသာသွားပါပီ အဒေါ်ကြီးကို ကလေးကို အဝတ်နဲ့သေသေချာချာ နွေးနွေးထွေးထွေး လုပ်ခိုင်ပီး ကျွန်တော်တို့ ဆေးရုံရောက်အောင် အမြန်မောင်းခဲ့ကြပါတယ်။
ကျန်တဲ့ကိစ္စက ကျွန်တော်တို့ ဘာမှဆက်ကူလို့မရတဲ့အနေအထားပါ။ဆေးရုံရောက်တော့ ဆရာတွေဆရာမတွေရဲ့ ပြုစု့မူ့ကြောင့် ကလေးရောအမေပါ လုံးဝစိတ်ချရတဲ့ အဆင့်ရောက်သွားပါပီ ကလေးက ယောကျာင်္းလေးပါ။မနက် ၅နာရီအနေအထားဆိုတော့ ကားဆရာကိုခေါ်ပီ မနက်စာ ထမင်းကြော် သွားစားကြပါတယ်။ထမင်းဆိုင်ကနေတဆင့် ဝပ်ရှော့ပြန်ဝင် ပီးတော့ ဆေးရုံကားအတွက် လိုအပ်တာလေးတွေယူပီ ဆေးရုံကိုပြန်လာခဲ့ကြပါတယ်။ဆေးရုံမှာ ကားပြင်နေတုန်း မွေးလူနာ အမကြီးရဲ့ မိခင်ရောက်လာပီး ကျေးဇူးတင်စကား လာပြောပါတယ်။အဲ့ဒီစကားက ပရဟိတ လုပ်ငန်းကို အမှန်တစ်ကယ် ရင်ဘက်နဲ့ရင်းပီး လုပ်ကိုင်နေသူတွေအတွက် လုံးဝအဖိုးမဖြတ်နိုင်တဲ့အားဆေးတစ်ခွက်ပါ။မြို့ပေါ်မှာလဲ နာရေးလုပ်ရတာ လွယ်တယ်ထင်ပေမဲ့ မလွယ်ကူပါဘူး အရေးပေါ်အခြေအနေ ရိုးရိုး အခြေအနေ အမျိုးမျိုး ရင်ဆိုင်ရပါတယ် နာရေးအဖွဲ့ကားတွေမှာ ရှေးဦးသူနာပြု အခြေခံစနစ် သင်ကြားပေးထားပေမဲ့ မထင်မှတ်ထားတဲ့ လူနာအခြေအနေတွေနဲ့ ရင်ဆိုင်ရတဲ့အခါ လူနာ လူနာရှင်တွေထက်ပိုပီး စိတ်ပူပန်ကြရပါတယ်။ကားပေါ်မှာ အရေးပေါ်အခြေအနေအရ တက်ကျွမ်းတဲ့ဆရာဝန် သူနာပြုတွေ အမြဲတမ်း မပါပါဘူး။ဆေးရုံလွှဲပြောင်းလူနာ ဆိုရင်တော့ လိုအပ်ပါက ဆရာဝန်အထိ အကူအညီ ရယူနိုင်ပေမဲ့ ယာဉ်တိုက်မူ့ မီးလောင်မူ့ သဘာဝဘေးအန္တရာယ် အရေးပေါ် အခြေအနေမှာ ဆေးကုသမူ့ အကူအညီ အလွယ်တကူမရနိုင်ပါဘူး။အဓိကအချက်ကတော့ ဘယ်လိုအခြေအနေ ဖြစ်ဖြစ် နာရေးကားဆရာတွေကတော့ လူနာကို သတ်မှတ်ဆေးရုံရောက်အောင် အသက်ရှင်အောင် တစ်ခြားနောက်ထပ် ရောဂါအခြေအနေမဆိုးအောင်း အမြန်နည်းနဲ့ အန္တရာယ်ကင်းအောင်းမောင်းပို့ရတဲ့တာဝန်ဟာ သူတို့အတွက် ဦးစားပေး အဆင့်ပါ။နယ်ဘက်မှာဆိုတော့ အလှမ်းဝေးသလို လူနာလွှဲပြောင်းဖို့အတွက် သူနာပြုအကူအညီကလည် အခက်အခဲ အနည်းငယ်ရှိပါတယ်။နယ်ဆေးရုံဆိုတော့ ဆရာဝန် သူနာပြု ဆေးဝါကရိယာ အားနည်းချက်ရှိပါတယ်။ပရဟိတ ဆိုတာ ငွေရလို့ ဝင်လုပ်နေကြတဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး ခင်ဗျာ။အနစ်နာခံသူတွေရဲ့ ပျော်စံရာ နေရာ အလုပ်ပါ image image

   MSU.032

credit photo google search

Money and work.8 | Ecency