Money and work.12

Words
88
Reading
1 min
Listen
Play
8y

ငွေနဲ့ အလုပ်(၁၂)
ကားပြင်တဲ့သူဆိုတော့ ဘာကားတွေဘဲလာလာ အဆင်ပြေအောင်လုပ်ပေးရတာပါဘဲ။ဒီနေ့တော့ အမှန်တိုင်းပြောရရင်တစ်ကယ် ကြောက်ပါတယ် ဒါပေမဲ့လဲ အဆင်ပြေအောင်လုပ်ပေးရတာပေါ့။
ရောဂါကတော့ အနည်းငယ်ပါ ရှေ့မီးလိုင်းတွေပျက်တယ် pto ပိုင်းပျက်တယ် အော်တို လီဘာအလုပ်မလုပ်တာ ဒီလောက်ပါဘဲ။မလုပ်ခင်ကားဆရာကိုမေးရသေးတယ် ဆီဘောက်ဆာ တိုင်ကီထဲမှာ ဆီရှိနေသေးလား ဆိုတာပါ မိမိကိုယ်ကို ကာကွယ်သလို နောက်ဆက်တွဲ ဖြစ်မဲ့ဟာကိုလဲ ကာကွယ်တဲ့သဘောပေါ့။ဆီက ဒီကိုလာခါနီးအကုန် ဖောက်ခဲ့ပီးပါပီတဲ့ အဲ့ဒါနဲ့ ဆီတိုင်ကီ အကြီးရဲ့ အဖုံးကန်ကို ဖွင့်ထားပီးတော့ ပြင်ဆင်ဖို့ လုပ်ရပါတယ်။အော်တိုလီဘာလိုင်းကို အရင်စစ်ဆေးရပါတယ် တစ်ချို့ကားတွေက pto စနစ်က အော်တိုလီဘာနဲ့တွဲထားတက်လို့ပါ။စစ်ဆေးကြည့်လိုက်တော့ မတွဲထားပါဘူး သူရဲ့ ကွန်ထိုးဘူးကို ဖြုတ်စစ်လိုက်တာ ပျက်စီးမူ့မရှိပါဘူး ဒါနဲ့ sw volume control ကိုစစ်ဆေးကြည့်လိုက်တော့ အလုပ်မလုပ်တာနဲ့ ဖြုတ်ကြည့်လိုက်တာ ကွန်ထိုးပျက်နေတာနဲ့ ဖွင့်ကြည့်လိုက်တာ အငုတ်လေးတွေက စားပီးပျက်နေပါပီ။အစားထိုးဖို့ကလဲ မလွယ်တာနဲ့ တစ်ခြားတစ်လုံးက ကလစ်လေးတွေနဲ့ အစားထိုးမောင်းစမ်းကြည့်တာ အဆင်ပြေသွားပါတယ်။
နောက်တစ်ခုကတော့ pto အပိုင်းကို စစ်ဆေးရမှာပါ ဒီပိုင်း အလုပ်လုပ်ပုံလေး အနည်းငယ် ရှင်ပြပါ့မယ်။သိသလောက်ပါ ဆရာကြီးတစ်ယောက်တော့ မဟုတ်ပါဘူး။အမှားပါရင်လဲ နားလည်ပေးကြပါ သူကတော့ ကားရဲ့ အင်ဂျင်ကနေ ပါဝါ တိုက်ရိုက်ယူပါတယ်။အလေးသုံးဘဲ ဖြစ်ဖြစ် ကြီးမားတဲ့ စွမ်းအင်တစ်ခုကို ယူသုံးဖို့အတွက် အင်ဂျင်ဂီယာဘောက် ကနေ ဝန်ရိုးတစ်ခု ချိတ်ဆက်ပီး တိုက်ရိုက် အသုံးပြုပါတယ်။

   MSU.032

image image

Money and work.12 | Ecency