Money and work.10

Words
89
Reading
1 min
8y
Listen to this post
~1 min

ငွေနဲ့ အလုပ်(၁၀)
မော်တာ ဖြုတ်ပီးစစ်ဆေးလိုက်တာ ကြီးမားတဲ့ အပြစ်တော့ မတွေ့ပါဘူး ကာဗွန် နည်းနည်းလေးတိုနေတာလောက်ပါဘဲ။ဖြုတ်လက်စနဲ့ တစ်ခါထဲ လဲပေးလိုက်ပါတယ် ပီးတာနဲ့ သန့်ရှင်းရေားလုပ် ပြန်တပ်စမ်း အနည်လောက်ပါဘဲ စက်နိုးတဲ့ အခါ ထူးခြားပါတယ်။
နောက်တစ်ပိုင်းကို ပြန်စဉ်းစားရပါတော့မယ် နော်ဇယ်တွေ ဖြုတ်ခိုင်းလိုက်ပါတယ် အမှန်တိုင်းပြောရရင် နော်ဇယ်တွေ မပျက်ပါစေနဲ့လို့ ဆုတောင်းထားပါတယ် ဘာဖြစ်လို့လဲဆိုတော့ နော်ဇယ်တစ်လုံး ပြင်ဆင်ခက ဈေးအရမ်းကြီးလို့ပါ ဖြုတ်ဆေးတာတောင် တစ်ချောင်းကို ၅ထောင် ကနေစပါတယ် အထဲမှာ အဆင်မပြေလို့ လဲရတော့မယ်ဆိုရင် တစ်ချောင်းကို ၂သောင်း ကနေ ၈သောင်း ဝန်းကျင်ထိ ကုန်တက်ပါတယ်။ဘာကြောင့်ပျက်လဲဆိုတော့ အဓိကစဖြစ်တာကတော့ ဆီမသန့်တာပါ နောက်တစ်ခု ဆီမမှန်တာ ရောနှောဆီ နောက်တစ်ခုက အရည်အသွေး မမှီတာပါ။ဆီဆိုင်တွေကတော့ အရမ်းပေါပါတယ် တစ်ကယ် စံချိန်စံညွန်းမှီပီ သန့်စင်တဲ့ဆီရဖို့ အတွက် ရောင်းတဲ့ဆိုင်ကလဲ တိကျမှန်ကန်ဖို့ လိုပါတယ်။
စစ်ဆေးလိုက်တော့ နော်ဇယ် ၃ချောင်းပျက်နေပါတယ် တစ်ချောင်းက ဖြုတ်ဆေးလို့ အဆင်ပြေနိုင်ပါတယ်တဲ့ အဲဒီမှာ နောက်ထပ် ထပ်တိုးရောဂါကတော့ ပန့်ဆရာက ကားဆီတိုင်ကီ ဖြုတ်ဆေးရမယ် ပန့် ပရက်ရှာ ပြန်တိုင်းကြည့်ပါ မမှန်ပါက ပန့်ပါ ဖြုတ်ဆေးရမယ်တဲ့။အဖြေကတော့ရပါပီ ပန်ပရက်ရှာတိုင်းပါတယ် conmonrail မှာ 25 psi လောက်ဘဲရှိပါတယ် အမှန်တစ်ကယ်ဆို 30 to 45 ဖြစ်ရမှာပါ။

   MSU.032

image image