Money and work.10

Words
102
Reading
1 min
8y
Listen to this post
~1 min

ငွေနဲ့ အလုပ်(၁၁)
ပန့်ပါဖြုတ်ပီး ဆိုင်ပို့လိုက်ရပါတယ် နောက်တစ်ရက်ကြတော့ ပန့်နဲ့နော်ဇယ်ရပီဆိုတော့ သွားယူပီ ပြန်နိုးစမ်းပါတယ် အားလုံးအဆင်ပြေပါတယ်။ပြန်နိုးစမ်းတာက အပြင်ကနေ ဆီလိုင်းသီးသန့်ပေးပီ နိုးစမ်းတာပါ ဆီတိုင်ကီ မဖြုတ်ဆေးရသေးလို့ပါ။
ဆီတိုင်ကီ ဖြုတ်လိုက်တာ အထဲမှာ ဆီတစ်မျိုးထဲ မဟုတ်ပါဘူး ရေနဲ့အမဲမူန်လေးတွေပါရှိနေပါတယ်။ဆီတိုင်ကီကို ဖြုတ်ဆေးနေလှန်းထားပီးတော့ ဆီတိုင်ကီကနေ အင်ဂျင်ကိုသွားတဲ့ ဆီပိုက်လိုင်း ဆီပြန်ပိုက် ဆီအငွေ့ ပြန်ပိုက် ဆီအငွေ့ ပြန်ဘူး အားလုံး ဖြုတ်ဆေးလိုက်ပါတယ်။ဆီတိုင်ကီကနေ အင်ဂျင်ကိုသွားတဲ့အခါ ဆီတွေဆီတိုင်ကီထဲ အလွယ်တကူပြန်မဆင်းဘဲ ထိန်းပေးတဲ့ဘူးလို့လဲခေါ်သလို ဆီခြူဘူးလို့လဲခေါ်တဲ့ ဟန်းပန့်ကိုလဲ ဖြုတ်ဆေးရပါတယ်။ဆီစစ်ဇကာကို အဲဒီဘူးမှာ တပ်ထားပါတယ် ဇကာတွေကတော့ ကားအသုံးမများရင် ၃ လတစ်ခါလဲပေးရပါတယ်။အသုံးများရင်တော့ တစ်လတစ်ခါလဲပေးတာ ပိုကောင်းပါတယ်။ဒီဇကာတွေမကောင်းရင် နော်ဇယ် ကို ပိုပီးအလွယ်တကူ ပျက်ဆီးစေပါတယ်။အဲဒါအပြင်အိတ်ဇော အပိုင်ရှိ egr စနစ်နဲ့ အိတ်ဇောကိုလဲ အလွယ်တကူ ဂျီးပိတ်စေပါတယ်။ဒီလို ဆိုရင် အင်ဂျင်က အရင်ကထက် အပူချိန်ပိုမြင့်လာသလို ကားအဆွဲအရုန်းလဲ ကျလာပါတယ်။
ကုန်တင်ကားတွေဆို ပိုပီတော့ သတိထားရပါတယ် ကုန်တွေကို အရင်ကလောက် သယ်ယူနိုင်မူ့မရှိခြင် တောင်တက်တဲ့အခါ မနိုင်ဝန်ဖြစ်ပီး ပြန်လိမ့်ကျခြင်း ဆီပိုကုန်ခြင်းတို့ ဖြစ်တက်ပါတယ်။အားလုံးဆေးကြောပီးတော့ ပြန်တပ် ဆီပြန်ထည့် ဆီချူပီးတော့ နိုးလိုက်တာ အားလုံး အဆင်ပြေသွားပါတယ်။ပန့်ပျတ်တာကတော့ ဆီမသန့်တာ ရေပါတာတို့နဲ့ ဆိုင်ပေမဲ့ နော်ဇယ်ပျက်တာကတော့ ဆီမသန့်တာနဲ့ နောက်တစ်ခုက ဆီမမှန်တာပါ ဒီဇယ်ဆိုပေမဲ့ ရိုးရိုးဒီဇယ်လား ပရီမီယံလား အသေအချာသိဖို့ လိုသလို မိမိဝယ်ယူအသုံးပြုတဲ့ဆီဆိုင်ကလဲ ဆီမှန်ဖို့လိုပါတယ်။ဒီဇယ်ထက် ပရီမီယံက အရပ်စကားအရ ပါးတယ်လို့ခေါ်ပါတယ် ပါးတဲ့အတွက် မီးလောင်အားပိုကောင်းသလို နော်ဇယ် ဆီဖျန်းတဲ့စနစ်ကလဲ အနည်းငယ်ကွာခြားမူ့ရှိပါတယ်။

   MSU.032

image image

Money and work.10 | Ecency