Human value.21

Words
116
Reading
1 min
8y
Listen to this post
~1 min

တန်ဖိုး(၂၁)
ကျွန်တော့် ဆုံးဖြတ်ချက်မှန်ပါစေလို့ဘဲ ဆုတောင်းပါတယ် အထင်ကြီးပီးလက်ခံ လိုက်တာမဟုတ်ပါ သူ့ရဲ့ရင်ထဲက လာတဲ့ခံယူချက်ကောင်း ဖြစ်ပါစေလို့။ကျွန်တော်တို့ ဝပ်ရှော့က အကူတစ်ယောက်နဲ့ ယာယီတွဲပေးလိုက်ပါတယ် ပထမ တစ်ရက်မှာဘဲ အလုပ်သိမ်းတာနဲ့ အကူကို မေးကြည့်ရတယ် ဘယ်လိုလဲ ကောင်လေးအဆင်ပြေလား အနောက်ကလိုက်နိုင်ရဲ့လား ဟုတ်အဆင်ပြေပါတယ် ဆရာ အင်္ဂလိပ်စာလဲ ရတော့ သင်ရတာ အဆင်ပြေဖို့များပါတယ် အေးအေး ရပီ ရေမိုးချိုး ပီးရင်ထမင်းသွားစား နားလို့ရပီ။
ဒီလိုနဲ့ လုပ်ရင်းကိုင်ရင် တစ်လပြည့်ခဲ့ပါပီ ကောင်လေးကို မုန့်ဖိုး ၉သောင်း ရှင်းပေးလိုက်ပါတယ် နောက်တစ်လမှာတော့ လစာထပ်တိုးရတဲ့အနေအထားကို ရောက်ရှိလာပါတယ် သင်ပြသူနဲ့ သင်ယူသူနှစ်ဦး သဟဇာတ မျှတရင် အကြိုးများတယ် ဆိုတာ တစ်ကယ်ပါ နှစ်လအတွင်းမှာ ပြစ်ချက်ကြီးကလွဲရင် လက်လွှတ်လို့ရတဲ့အနေအထား ရောက်သွားပါပီ။သိပ်မကြာခင်မှာဘဲ စာမေးပွဲအောင်စာရင်း ထွက်ပါတယ် ညီလေးကအပြောနဲ့ အလုပ်လက်တွေ့တစ်ကယ်ပြသွားတာပါ ဂုဏ်ထူး ၃ ခုပါပါတယ် သူလိုချင်နေတဲ့ အင်ဂျင်နီယာကျောင်း တော်ကြီးကိုတက်ခွင့်ရသွားပါပီ။ကျွန်တော်လဲ တော်တော် ဝမ်းသာသွားပါတယ် မုန့်ဖိုး ၂သိန်း ပေးလိုက်ပါတယ်။ကျောင်းတက်ချိန်မှာ ကျောင်းတက်ပီး ကျောင်းကပြန်တာနဲ့ ဝပ်ရှော့ကို ရောက်လာပီ ကျန်တဲ့အချိန်တွေမှာ သူ့ဘဝအတွက် ပညာတွေထပ်ယူပါတယ်။ကျွန်တော်ရဲ့ ဆုံးဖြတ်ချက်လဲ မှန်ကန်သွားပါတယ် လူအကဲခက်ရတာ တော်တော်ပင်ပန်းပါတယ်။
သူကျောင်းတက်တဲ့အချိန် လစ်လပ်ပေမဲ့ အလုပ်ကိုကြိုးစားပီး သင်ယူတဲ့ စိတ်ဓာတ်လေးကြောင့် သူကို ပုံမှန်လစာ ၁သိန်း၂သောင်း ကိုလဲ မဖြတ်တောက်ဘဲ ပေးခဲ့ပါတယ်။ဒါပေမဲ့ ကျေးဇူးရှင်လေးက မယူဘူးပြောနေတာနဲ့ မဟုတ်ဘူး အခုပေးတာ လုပ်အားခမဟုတ်ဘူး မင်းကျောင်တက်ရင်လိုအပ်တာ ဝယ်ဖို့ပေးတာ ဘာညာဆိုမှယူပါတယ်။ဘာဘဲပြောပြော အနာဂတ်ရည်မှန်းချက် ကောင်းတဲ့ ကောင်လေးတစ်ယောက်ရဲ့ဘဝကို မြေတောင်မြှောက်ပေးခွင့်ရတဲ့ အတွက် ကျွန်တော် ဘဝအတွက် မွန်မြတ်တဲ့ ပညာဒါနပါရမီပါဘဲ။တိုက်ဆိုင်မူ့ ရှိရင်ခွင့်လွှတ်ကြပါ ခင်ဗျာ ကျွန်တော့်ရင်ထဲက ရှိတဲ့ခံစားမူ့လေးကို တက်သလောက်လေး ပုံဖော်ထုဆစ်ထားခြင်းဖြစ်ပါတယ် ခင်ဗျာ လိုအပ်တာရှိရင်လဲ နားလည်ခွင့်လွှတ်ပေးကြပါလို့။
MSU.032

image image

Human value.21 | Ecency