Human value.20

Words
143
Reading
1 min
8y
Listen to this post
~1 min

တန်ဖိုး(၂၀)
လွန်ခဲ့တဲ့ တစ်နှစ်ခန့်က ကောင်လေးတစ်ယောက် ဝပ်ရှော့ကို သူ့အဖေနဲ့ မနက်အစောကြီး ရောက်လာခဲ့တယ်။ကျွန်တော် အိပ်ယာကတောင် မနိုးသေးဘူး ၈နာရီထိုးတာနဲ့ နိုးစက်မြည်လို့ အိပ်ယာထတော့မှ အကူညီလေးက ဆရာ အပြင်မှာ ဧည့်သည်ရောက်နေတယ် မနက်အစောကြီးထဲက ဆရာကိုစောင့်နေတယ် ဟင်ဟုတ်လား ဘယ်သူတွေလဲ ကျွန်တော်တို့အရွယ် တစ်ယောက်နဲ့ လူကြီးတစ်ယောက်ပါ ဆရာ ဟာမင်းကလဲ ငါ့ကိုလာနိုးလိုက်ပါလား ဧည့်သည်ကို အားနာစရာကြီး။ကျွန်တော် ကိုကြီးကိုမေးလိုက်တာ ဆရာ ညက ၂ နာရီကျော်မှ အလုပ်သိမ်းတယ်ဆိုလို့ မနိုးတော့တာပါ ဧည့်သည်ဦးလေးကို အကြိုးအကြောင်းပြောပြထားပါတယ် အရေးမကြီးရင် မနက်၁၀ လောက်မှ ပြန်လာဖို့ပြောတာ အရေးမကြီးပါဘူး တစ်ခြားကိစ္စလေးရှိလို့ ဦးတို့လဲအားနေပါတယ် ဆရာနိုးတဲ့အထိ စောင့်နေမယ် ပြောလို့ စောင့်ခိုင်းထားတာပါတဲ့။ image
ကိုလက်မျက်နှာသစ် ဆေးကြောပီး ဆိုင်အရှေ့ဘက်ကို ထွက်လာခဲ့ပါတယ်။ကျွန်တော့်ကို စောင့်နေတာ ဘာဖြစ်လို့လဲ ခင်ဗျ ဒီလိုပါ ငါ့ညီရယ် အကိုကြီးသားလေးက ဒီနေရာမှာ အလုပ်လုပ်ချင်လို့ ပူဆာတာနဲ့ ငါ့ညီနားကို ရောက်လာတာပါ။ဘေးက ကောင်လေးကြည့်လိုက်တယ် မျက်နှာအနေအထား ပုစံကတော့ ရည်ရည်မွန်မွန်လေးပါဘဲ စိတ်နေစိတ်ထားကတော့ မသိသေး ညီအသက်ဘယ်လောက်ရှိပီလဲ ၁၅နှစ်ပါ ခင်ဗျ ကျောင်းနေလား ဟုတ် ကျွန်တော် ၁၀ တန်းဖြေထားပါတယ် အကို။အင်းပညာအနေအထား မဆိုးဘူး ရည်ရွယ်ချက်ကဘာလဲ ဒီမှာ အလုပ်လုပ်ချင်တာက ကျွန်တော်အောက်ခြေကအစ အပေါ်ထိအရောက် အားလုံးသိတဲ့ စက်ဆရာကြီး တစ်ယောက်ဖြစ်ချင် လို့ပါ။ကျောင်းက ဘယ်လို လုပ်မှာလဲ မတက်တော့ ဘူးလား ဒီမှာဘဲ အလုပ်ဆင်းမှာလား မဟုတ်ဘူး အကို ကျောင်းကဆက်တက်မှာပါ ကျွန်တော် နည်းပညာ ပေါ့နော် အင်ဂျင်နီယာ လိုင်းကိုရွေးထားပါတယ် ဟင် မဟုတ်ဘူလေ မင်းခုနကပြောတော့ ဆယ်တန်းဖြေထားတယ်ဆို ဟုတ်ပါတယ် အကို ဆယ်တန်းကအောင်မှာပါ အကို ဂုဏ်ထူးအနည်း အမျာဘဲ စောင့်ကြည့်ရမှာ။
စိတ်ထဲမှာ တွေးစရာတွေများသွားတယ် စမ်းသပ်ချင်တာလဲ များတယ် သိချင်စိတ်ကလဲ များနေတော့ အလုပ်က ဘယ်လိုပုံစံနဲ့ လုပ်ချင်တာလဲ ပညာသင်လား နေ့စားလား။ရပါတယ် အကို အကိုအဆင်ပြေတဲ့ပုံစံ လုပ်ပေးပါ ကျွန်တော် အကိုတို့ဆီမှာ အလုပ်ရရင် အဆင်ပြေပါပီတဲ့ ဒါနဲ့ဦးလေး ကျွန်တော် ၃ ရက်လောက် စမ်းပီးသုံးကြည့်ပါ့မယ်။အဆင်ပြေ မပြေဆုံးဖြတ်ပါ့မယ် ညီ မင်းအဆင်ပြေရင် ဒီနေ့အလုပ်စဆင်းပါ လို့ပြောလိုက်တယ်။
MSU.032
image