Fuel pump.2

Words
128
Reading
1 min
Listen
Play
8y

Fuel pump. 2
ဆီတိုင်ကီထဲက ပန့်ကို ဖြုတ်ဖို့အတွက် အနောက်တန်းက ထိုင်ခုံနှစ်လုံးကို ဖြုတ်ဖို့ လိုအပ်ပါတယ်။ဒါမှလဲ ဆီတိုင်ကီထဲက ပန့်ကို အလွယ်တကူ ဖြုတ်လဲလို့ရမှာပါ ။တစ်ချို့ကားတွေမှာတော့ ဆီတိုင်ကီ ဖြုတ်ပီးမှ လဲလို့အဆင်ပြေမှာပာ။
တစ်စီနဲ့တစ်စီ ဖွဲ့စည်းတည်ဆောက်ပုံ မတူညီကြပါဘူး ဒါအပြင် ပန့်ရဲ့ဈေးနူန်းကလဲ ကွာခြားကြပါတယ်။အခုကားမှာတော့ ပန့်ဈေးက မြိတ်ဈေးကွက်မှာတော့ ၄၇၀၀၀ ပေးရပါတယ်။ရန်ကုန်ဈေးတော့ မသိပါ ခန့်မှန်းခြေ ၃သောင်း ဝန်းကျင်ရှိမယ် ထင်ပါတယ်။မြိတ်မှာတော့ နယ်မြို့ ဖြစ်တဲ့အတွက် ပစ္စည်းဝယ်ယူရာမှာ အနည်းဆုံး တန်ကျေးအလိုက် ၅ထောင် ၁သောင်း ကွာခြားကြပါတယ်။ပန့်မော်တာ အသစ်လဲ တပ်ဆင်ပီးတော့ အပြင်မှာ မော်တာ လည်ပတ်မူ့ အားကောင်း မကောင်း အရင်စမ်းသပ်ကြည့်ပါတယ်။အဆင်ပြေတာနဲ့ ကားဆီတိုင်ကီထဲ ထည့် အထိုင်ချ မူလီနပ်ခေါင်းတွေ အကုန် ပြန်တပ် ပီးတော့ ဝါယာလိုင်းတွေစစ် အဆင်ပြေ ပီဆိုတာနဲ့ သော့ဖွင့် maim relay အသံနားထောင်းကြည့်ပါတယ် main relay အသံကြားတာနဲ့ စက်နိုးကြည့်ပါတယ်။ဆီးတိုင်ကီထဲက ဆီပန့်မော်တာ လည်သံကြားရပါပီ ဒါဆိုဆီတိုင်ကီထဲက ဆီ အင်ဂျင်ခန်း ရောက်မရောက်စစ်ဖို့ဘဲ ကျန်ပါတော့တယ်။အင်ဂျင် ခန်းက ဆီပိုက်မှာ ဆီရောက်မရောက် သွားကြည့် လိုက်ပါတယ် ရောက်လာပါပီ။ဆီပိုက်တွေ အကုန်ပြန်တပ်ပီး နိုးလိုက်ပါတယ် ဒေါက်ဝှီးပါဘဲ။
ဒါပေမဲ့ အင်ဂျင်က တစ်ချက်တစ်ချက် တုန်နေလို့ masairflow sensor ကိုဖြုတ်စစ်ဆေးလိုက်ပါတယ် ဟုတ်ပါတယ် ဂျီးနည်းနည်းကပ်နေတာနဲ့ ဖြုတ်ဆေးလိုက်ပါတယ်။ပြန်တပ်ပီး စက်ပြန်နိုး လုံးဝ ok သွားပါပီ သေချာအောင် scamtool လေးယူပီး live data စစ်ဆေးလိုပ်ပါတယ် ဆီ လေ မီး အားလုံး ပုံမှန် အလုပ်လုပ်သွားပါပီ။ပိုင်ရှင်မျက်နှာလေးလဲ ပြုံးပျော်သွားပါပီ ကျွန်တော်တို့လဲ ပင်ပန်းရကျိုး နပ်သွားပါတယ် ။အားလုံးကို ကျေးဇူး တင်ပါတယ် စာကိုဆုံးအောင် ဖက်ပေးလို့ပါ အသိပညာတစ်ခု ရပါစေလိုတဲ့ စိတ်ကလေးနဲ့ ရေးတင်ပေးတာပါ မိတ်ဆွေများ ဗဟုသုတ နဲ့ ပြည့်စုံကြပါစေ ခင်ဗျာ။MSU. 032
image image

Fuel pump.2 | Ecency