Egr valve. 2

Words
92
Reading
1 min
Listen
Play
8y

EGR valve.2
အသစ်ဝယ်ယူပီး ပြန်လည်တပ်ဆင်ရင်တော့ ပိုပီးတော့ အဆင်ပြေပါတယ် ဒါပေမယ့် အသစ်ကလဲ သိတဲ့အတိုင်းဘဲ ဝယ်လို့ရမယ်ဆိုရင်တောင်ဈေးက ၄သိန်း ကျော်ပါတယ်။
ဂျပန်ကျကတော့ အရောင်းဆိုင်နဲ့အဆင်ပြေဖို့လိုပါတယ် အဆင်မပြေတဲ့အခါ နေက်ထပ်တစ်လုံးနဲ့ ပြန်လည်တပ်ဆင်စမ်းသပ်ဖို့ပါ။ဈေနူန်းကလဲ ၁၄၀၀၀၀ ကနေ ၂၀၀၀၀၀ ဝန်းကျင်ထိ ရှိပါတယ်။နယ်မှာဆိုတော့ အသွားအပြန် စရိတ်ကပိုလာပါတယ်။နောက်ထပ်အခက်အခဲ တစ်ခုကတော့ ဂျပန်ကျ တွေက ဟိုကယူလာထဲက အကောင်းတွေချည်းဘဲ မဟုတ်သလို အပျက်တွေနဲ့ရောနေတာပါ။ရောင်တဲ့ဆိုင်နဲ့ စက်ဆရာကြားမှာ နားလည်မူ့ ယုံကြည်မူ့ရှိရင်တော့ အကောင်းဆုံးပါ။Egr valve ပျက်တဲ့အခါကြရင် ကားရဲ့အင်ဂျင် အလုပ်လုပ်ပုံက တော်တော်ကြီးကို သိသာပါတယ်။စက်ကတော့ ပုံမှန် အတိုင်းဘဲ နိုးပါတယ် အနိုးအထလဲ ကောင်းပါတယ်။လီဗာ နင်းတဲ့အခါ စက်အပတ်ရေ ၂၀၀၀ လောက်ဆိုရင် အင်ဂျင် စက်သံက မမှန်တော့ပါဘူး။နောက်တစ်ခုကတော့ ပျက်မပျက်ကို အလွယ်သိနိုင်တဲ့ နည်းပေါ့နော် ကားသော့ ဖွင့်လိုက်တာနဲ့ egr valve ကနေ တောက်ကနဲ အသံကြားရပါတယ် အဲံဒီ အချိန်မှာ egr valve ကို လက်နဲ့ကိုင်ထား ထိထားရင် အထဲက မော်တာ လည်နေတာကို ခံစားသိရှိနိုင်ပါတယ်။
Egr valveရဲ့ အဖွင့်အပိတ် နေရာလေးကတော့ ကျွန်တော်တို့ မြန်မာလို အလွယ်ပြောရရင်တော့ နှီးတစ်ပြားစာလောက်ဘဲ မော်တာနဲ့ လည်ပီးဟပေးထားတာပါ။တစ်ချို့ဟာတွေကလဲ မော်တာကောင်းတယ် valve ကို အဖွင့်အပိတ်လုပ်ပေးတဲ့ ကြောင်လိမ်ပင်နီယံ ချော်တာလည် ဖြစ်တက်ပါတယ်။ MSU.023
image image

Egr valve. 2 | Ecency